Breaking News

သင့်ရဲ့ Visa credit card ထဲက အချက်အလက်တွေကို ခြောက်စက္ကန့်အတွင်း ဟက်နိုင်နေပြီ

သင့်ရဲ့ အကြွေးဝယ်ကတ်နဲ့ အွန်လိုင်းပေါ်မှာ ဈေးဝယ်တတ်ပါသလား၊ ပြီးတော့ လုံခြုံစိတ်ချရတယ်လို့ ထင်ပါသလား။ စဉ်းစားကြည့်ပါ။ ဘာဖြစ်လို့လဲဆိုတော သင့်ရဲ့ ဘဏ်နဲ့ပတ်သတ်တဲ့အရေးကြီးတဲ့ အချက်အလက်တွေကို ခိုးရတယ်ဆိုတာ မလွယ်ဘူးလို့ ထင်ခဲ့ပါတယ်။

University of Newcastle ရဲ့ လေ့လာချက်အရ အကြွေးဝယ်ကတ်လုံခြုံရေးမှာ ယိုယွင်းနေတဲ့တစ်နေရာက ဟက်ကာတွေကို သတင်းအချက်အလက်တွေယူဆောင်ရာမှာ လွယ်ကူစေတယ်လို့ ဆိုပါတယ်။ သုတေသနပြုလုပ်သူတွေဟာ ၀က်ဘ်ဆိုက်အတော်များများမှာ ကတ်ရဲ့ CVC နံပါတ်တွေ ပျံ့နေမယ်ဆိုရင် ကတ်ရဲ့လုံခြုံရေးစနစ်နဲ့ ပိုင်ရှင်ဟာ အလွဲသုံးစားလုပ်နေမှုတွေကို သတိမထားမိတော့ဘူးဆိုတာ တွေ့ရှိခဲ့ပါတယ်။ အပေါ်မှာ ပြထားတဲ့ ဗွီဒီယိုဟာ ကတ်ရဲ့လုံခြုံရေးကုဒ်ကို ခြောက်စက္ကန့်တည်းနဲ့ ရှာနိုင်တဲ့ toolkit ရှိနေတယ်ဆိုတာကို ပြထားတာပါ။ ၀က်ဘ်ဆိုက်အတော်များများကနေပြီးတော့ ခန့်မှန်းထားတဲ့အချက်အလက်တွေကို စုစည်းလိုက်တဲ့အခါမှာတော့ အဲဒီ ဆော့ဝဲလ်ဟာ ကတ်ရဲ့ ကုန်ဆုံးရက်၊ ကိုင်ဆောင်သူရဲ့ လိပ်စာ၊ postal code နဲ့ CVC စတာတွေကို အလျင်အမြန် တွက်ချက်ပေးနိုင်ပါတယ်။ အဲဒီနည်းပညာဟာ ဒီလအစောပိုင်းတုန်းက Tesco Bank က အကောင့်ပေါင်း ၂၀၀၀၀ ရဲ့ ငွေတွေ ပျောက်ဆုံးနေမှုနဲ့ ဆက်နွယ်နေတယ်လို့လည်း ပြောနေကြပါတယ်။ Visa ကတ်တွေကပဲ လုံခြုံရေးချို့ယွင်းတယ်လို့ ယူဆခဲ့ပါတယ်။ MasterCard ဆိုရင်လည်း မတူညီတဲ့ ၀က်ဘ်ဆိုက်တွေကနေ အချက်အလက်တွေယူပြီး ဟက်ကာတွေက ခန့်မှန်းနိုင်နေပါတယ်။ Visa ecosystem ဟာ ၀က်ဘ်ဆိုက်အများကြီးမှာ လုပ်ဆောင်ဖို့ စီစဉ်ထားခြင်း မရှိပါဘူး။ IEEE Security & Privacy 2017 မှာ အခုလိုတွေ့ရှိချက်ကို မဖော်ပြခင် Visa ကို ပညာရှင်တွေက သတင်းပေးခဲ့ပါတယ်။ ဒါပေမယ့် ကုမ္ပဏီဟာ အဲဒီကိစ္စကို အရေးတယူမရှိခဲ့ပါဘူး။ “အဲဒီသုတေသနဟာ ငွေပေးချေမှုစနစ်ထဲက အလွဲသုံးစားခြင်းကာကွယ်ပေးတဲ့ အလွှာတွေအားလုံးကို မစစ်ဆေးခဲ့ပါဘူး၊ လက်တွေ့မှာ စာရင်းတွေရှင်းတဲ့အခါ အသုံးတည့်ဖို့ လုပ်ဆောင်ထားပါတယ်” လို့ Independent ကို ပြောခဲ့ပါတယ်။ အကြွေးဝယ်ကတ်တွေဟာ ခေတ်သစ်ကမ္ဘာမှာ ရှိနေတဲ့ ခေတ်ဟောင်းနည်းပညာတွေ ဖြစ်ပါတယ်။ ကျွန်တော့ရဲ့ မိတ်ဆွေ Bryan Clark လွန်ခဲ့တဲ့ နှစ်လလောက်က ရေးခဲ့သလို အနာဂတ်ရဲ့ ငွေပေးချေမှုက ပလတ်စတစ်မဟုတ်တော့ဘူး။ ဒါပေမယ့် မိုဘိုင်းလ်ဖုန်းနဲ့ အခြားလုံခြုံတဲ့ပစ္စည်းတွေနဲ့ ပေးချေတော့မယ်လို့ ပြောခဲ့ပါတယ်။ Apple Pay နဲ့ Android Wallet တွေဟာ ကမ္ဘာအနှံ့မရသေးပါဘူး။ လူတိုင်းသုံးနိုင်ဖို့အတွက် နည်းပညာဖွံ့ဖြိုးလာဖို့ အချိန်ယူရပါဦးမယ်။ အကြွေးဝယ်ကတ်အပေါ်မှာ မှီခိုနေသရွေ့ Tesco Bank လိုမျိုး လုံခြုံရေးကိစ္စတွေကတော့ ဖြစ်နေဦးမှာပါပဲ။