Breaking News

သင့်ရဲ့ iPhone မှာ Personal Hotspot အဆင်မပြေဘူးဖြစ်နေလား ၊ ဒီနည်းနဲ့ကြိုးစားကြည့်ပါ

Personal Hotspot ဆိုတာ သင့်ရဲ့ iPhone နဲ့ တွဲဖက်ပါဝင်လာတဲ့ အဆင်ပြေချောမွေ့တဲ့ feature တစ်ခု ဖြစ်ပါတယ်။ အဲဒီ feature ဟာ သင့် iPhone ရဲ့ data connection ကို အခြားသူတွေနဲ့ မျှဝေသုံးစွဲလို့ရအောင် ပြုလုပ်ပေးထားပါတယ်။ သင့် iPhone ကို wireless modem အဖြစ် ပြောင်းလဲလိုက်ပေးပါတယ်။
အဆင်ပြေချောမွေ့သလိုပဲ ခေါင်းကိုက်စရာ ကိစ္စလေးတွေကလည်း ရှိနေပြန်ပါတယ်။ ဒီဆောင်းပါးမှာတော့ ကျွန်တော်တို့အနေနဲ့ Personal Hotspotနဲ့ ပတ်သတ်ပြီး ကြုံလေ့ရှိတဲ့ troubleshooting အဆင့်လေးတွေကို ဖော်ပြသွားမှာပါ။
 အစဦးဆုံးအနေနဲ့ Personal Hotspot ကို သုံးမျိုး သုံးစွဲနိုင်ပါတယ်။
  • Wi-Fi မှတစ်ဆင့်
  • Bluetooth မှတစ်ဆင့်
  • USB connection မှတစ်ဆင့်
အဲဒီနည်းသုံးခုစလုံးဟာ သူတို့နည်းသူတို့ဟန်နဲ့ ပြဿနာလေးတွေ ကြုံနိုင်ပါတယ်။ ဒါပေမယ့်လည်း အများစုကတော့ wireless options ကို တွေ့ကြုံရတာဖြစ်ပါတယ်။

iPhone Personal Hotspot ပြဿနာတွေကို Troubleshooting လုပ်ခြင်း

အောက်မှာပြထားတဲ့ ဖြေရှင်းနည်းတွေဟာ အပေါ်မှာပြထားတဲ့ Personal Hotspot modes တွေနဲ့ သက်ဆိုင်ပါတယ်။ သင်အသုံးပြုတဲ့ mode အပေါ်မူတည်ပြီးတော့လည်း အဆင့်တွေ ကွဲပြားသွားနိုင်ပါတယ်။ အဲဒါကို နောက်မှ ရှင်းပြပါမယ်။ ရိုးရိုးလေး စလိုက်ကြရအောင်။
Personal Hotspot သုံးလို့ရလား
ပထမဆုံးလုပ်ရမှာကတော့ သင့်ဖုန်းကတစ်ဆင့် Personal Hotspot capability ကို enable လုပ်လိုက်ပါ။ သင့်ရဲ့လက်ရှိ data plan ကြောင့် Personal Hotspot ကို ပိတ်ထားတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အဲဒီလိုဖြစ်နေမယ်ဆိုရင်တော့ data plan ပြောင်းတာဖြစ်ဖြစ် ဒီ feature ကို သုံးဖို့ ဖွင့်လိုက်တာဖြစ်ဖြစ် လုပ်ရမှာပါ။
အောက်မှာပြထားတဲ့ troubleshooting အဆင့်တွေကို မစခင်မှာ သင့်ရဲ့ plan က Personal Hotspot ကို သုံးခွင့်ပေးတယ်ဆိုတာ သေချာအောင် စစ်ပါ။ ခွင့်ပေးပေမယ့်လည်း သုံးလို့မရသေးဘူးဆိုရင်တော့ သင် ဆက်လက်ဖတ်ရှုသင့်ပါတယ်။
Personal Hotspot ဖွင့်ထားသလား
တကယ်လို့ Personal Hotspot မဖွင့်ရသေးဘူးဆိုရင် သင့်ရဲ့ data တွေကို သုံးလို့မရသေးတာလည်း ဖြစ်နိုင်ပါတယ်။Settings → Personal Hotspot ကို သွားပြီးတော့ ဖွင့်ထားတယ်ဆိုတာ တစ်ချက်စစ်လိုက်ပါ။
လိုင်းတစ်ချက်စစ်ပါ
iPhone signal အရမ်းနည်းနေတယ်ဆိုရင်လည်း တခြားဖုန်းတွေကို နည်းနည်းပဲ signal ပေးနိုင်ပါလိမ့်မယ်။ တကယ်လို့ ဘားတစ်ခုလောက်ပဲရှိတယ်ဆိုရင် လိုင်းကောင်းတဲ့ အခြားတစ်နေရာကို ရွှေ့သင့်ပါတယ်။ ဒါမှသာ သင့်ရဲ့ အခြားပစ္စည်းတွေကနေ ၀က်ဘ်ကို ကောင်းကောင်း အသုံးပြုလို့ရမှာဖြစ်ပါတယ်။
Personal Hotspot ကို restart ချခြင်း
Personal Hotspot ကို restart ချလိုက်လို့ အဆင်ပြေနိုင်တာမျိုးလည်း ရှိပါတယ်။ တချို့ဖြစ်ရပ်တွေမှာဆိုရင် သင့်ဖုန်းမှာ အမှားအယွင်းတစ်ခုကြောင့် အလုပ်မလုပ်နိုင်တော့တာမျိုး ရှိတဲ့အတွက် အလုပ်ပြန်လုပ်ဖို့ restart ပြန်ချဖို့ လိုပါတယ်။
Settings Personal Hotspot ကနေပြီးတော့ ရိုးရိုးရှင်းရှင်းပဲ ခလုတ်လေးကို on/off လုပ်နိုင်ပါတယ်။
cellular data connection ကို restart ချခြင်း
သင့်ရဲ့ data ကို သုံးနေစဉ်မှာပဲ ရုတ်တရတ်ပြောင်းလဲလိုက်တာမျိုး ဒါမှမဟုတ် လိုင်းမမိတော့သလို ဖြစ်သွားတတ်တာမျိုးတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် Airplane Mode ကို ခဏလောက် Control Centerကိုသွားပြီး ဖွင့်လိုက်ပါ။ ပြီးတော့မှ ပြန်ပိတ်လိုက်ပါ။ ဒါဟာ သင့် iPhone ကို သင့်ရဲ့ cellular network နဲ့ ပြန်လည်ချိတ်ဆက်စေမှာ ဖြစ်ပါတယ်။ နောက်ပြီး Personal Hotspot connection ကိုလည်း စတင်လုပ်ဆောင်စေမှာ ဖြစ်ပါတယ်။
iPhone ကို restart ချခြင်း
သင် Personal Hotspot သုံးနေတဲ့ iPhone မှာ software bug ရှိတဲ့အတွက် တခြားပစ္စည်းတွေနဲ့ ချိတ်ဆက်လို့ မရနိုင်တာမျိုးလည်း ရှိတတ်ပါတယ်။ ဒါဆိုရင်တော့ iPhone ကို restart ချပြီး ပြန်ချိတ်ကြည့်ပါ။
အခြားပစ္စည်းတွေကို restart ချခြင်း
တကယ်လို့ iPhone ကို restart ချတာကလည်း အလုပ်မဖြစ်ဘူးဆိုရင်တော့ ချိတ်ဆက်အသုံးပြုမယ့် အခြားပစ္စည်းတွေကို restart ချကြည့်ပါ။ အခြားပစ္စည်းတွေဟာ သင့် iPhone ရဲ့ wireless network ကို ချိတ်ဆက်ဖို့ ပိတ်ထားတာမျိုး ၊ အချိန်ပြည့်သွားတာမျိုးတွေလည်း ဖြစ်တတ်ပါတယ်။ reboot လုပ်ခြင်းကလည်း ဖြေရှင်းနည်း တစ်မျိုးပါပဲ။ ဒါပေမယ့် ပြန်ပြီး network နဲ့ ချိတ်ဆက်ဖို့ သတိရပါ။
Software က update ဖြစ်ရဲ့လား
Apple အနေနဲ့ bugs တွေကိုပြင်ဆင်ပြီး software updates ထုတ်တတ်ပါတယ်။ ဒါကြောင့် သင့်မှာ နောက်ဆုံးထွက်ဗားရှင်းရှိသလားဆိုတာလည်း ပြန်စစ်ဖို့လိုပါတယ်။ ဒါကြောင့် Settings → General → Software Update ကို သွားကြည့်လိုက်ပါ။ အခြားချိတ်ဆက် အသုံးပြုမယ့် ပစ္စည်းတွေကိုတော့ လိုက်စစ်စရာမလိုပါဘူး။ operating system တွေအပေါ်မူတည်ပြီးတော့ လုပ်ဆောင်ရမယ့် အဆင့်တွေလည်း ကွဲပြားပါတယ်။
Personal Hotspot modes ကို ပြောင်းသုံးကြည့်ခြင်း
Personal Hotspot modes သုံးခုရှိတဲ့အတွက် တစ်ခုမလုပ်ရင် နောက်တစ်ခုကတော့ လုပ်နိုင်ကောင်းပါတယ်။ တကယ်လို့ သင့် Mac အတွက် Personal Hotspot သုံးတာဆိုရင် USB ကို Wi-Fi အစား ပြောင်းသုံးကြည့်ပါလား။ လုံခြုံစိတ်ချမှုပိုရှိတာပေါ့။ ဒါပေမယ့် အားသွင်းကြိုးနဲ့ပတ်သတ်ပြီးတော့ နည်းနည်းအလုပ်ရှုပ်ပါလိမ့်မယ်။
network settings ကို reset လုပ်ခြင်း
အပေါ်က အကုန်လုံး မအောင်မြင်ဘူးဆိုရင်တော့ network settings ကို reset လုပ်ကြည့်ပါ။ အဲဒါ မှားနေတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အဲဒီလိုလုပ်ဖို့အတွက် Settings → General→ Reset → Reset Network Settings ကို သွားရမှာပါ။ reset လုပ်ပြီးရင်တော့ ထပ်ပြီး ကြိုးစားကြည့်လိုက်ပါဦး။
နည်းနည်းလေးတော့ ရှုပ်ပါတယ်။ တကယ်လို့ အပေါ်ကအရာတွေနဲ့ အဆင်မပြေဘူးဆိုရင်တော့ တစ်ခုချင်းစီအတွက် အထူးပြုလုပ်ထားတဲ့ အောက်ကဟာလေးတွေနဲ့ စမ်းသပ်ကြည့်လိုက်ပါဦး။

Wi-Fi နှင့် Personal Hotspot သုံးခြင်း

သင့် iPhone နဲ့ အခြားမိုဘိုင်းလ်ပစ္စည်းတွေကြားမှာ ချိတ်ဆက်မယ်ဆိုရင်တော့ Personal Hotspot အတွက် Wi-Fi connection ကို အသုံးများမှာ သေချာပါတယ်။ Wi-Fi သုံးနိုင်တဲ့ သင့်ရဲ့ Mac မှာလည်း အသုံးပြုနိုင်ပါတယ်။ ဒီ mode နဲ့အတူ သင့် iPhone ရဲ့ data connection ကနေ personal area network (PAN) အဖြစ် လွှင့်ပေးနိုင်ပါတယ်။
ဒီ mode မှာလည်း မှားယွင်းနိုင်က တော်တော်လေး များပါတယ်။ တကယ်လို့ သင့်ရဲ့အခြားပစ္စည်းတွေနဲ့ ချိတ်ဆက်မရခြင်း၊ သုံးမရခြင်းဖြစ်တဲ့အခါ အောက်ကနည်းလေးတွေနဲ့ စမ်းကြည့်ပါ။
မှန်ကန်တဲ့ hotspot ကို ချိတ်မိသလား
တကယ်လို့ သင်နဲ့သင့်သူငယ်ချင်းနှစ်ယောက်စလုံးဟာ iPhone နဲ့ပဲ Personal Hotspot feature ကို သုံးမယ်ဆိုရင်တော့ Hotspot မှားချိတ်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ နှစ်ကြိမ် သုံးကြိမ်လောက်ကို ကိုယ်ချိတ်ချင်တဲ့ဟာ ဟုတ်မဟုတ် စစ်ကြည့်ပါ။
ထူးခြားဖြစ်စဉ်အနေနဲ့ နာမည်တူနေတာမျိုးလည်း ရှိနိုင်ပါတယ်။ ကျွန်တော့မှာ Anthony လို့ခေါ်တဲ့ နောက်ထပ်သူငယ်ချင်းတစ်ယောက် ရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့iPhone တွေချိတ်ဆက်တဲ့အခါမှာ “Anthony’s iPhone” ဆိုတဲ့ နာမည်ကို သွားပြီး ချိတ်ကြပါတယ်။ တကယ်ချိတ်ချင်တာက နောက် Anthony ရဲ့ network ကိုပါ။ ဒါကြောင့် နှစ်ကြိမ်လောက်စစ်ကြည့်ပါ။ နာစရာအကြောင်း မရှိပါဘူး။
Password မှန်ကန်သလား
Personal Hotspot ကို အသုံးပြုဖို့အတွက် password ရိုက်ဖို့လိုပါတယ်။ တကယ်လို့ password ရိုက်တာမှားရင်လည်း ချိတ်ဆက်လို့ မရတတ်ပါဘူး။
Password ကို နှစ်ခါလောက် စစ်ကြည့်ဖို့ Settings Personal Hotspot ကို သွားပြီး password ကို ပြန်ကြည့်လိုက်ပါ။ ပြီးမှာ တခြားချိတ်ချင်တဲ့ ပစ္စည်းတွေမှာ ပြန်ရိုက်ကြည့်ပါ။
တစ်ခါတည်းနဲ့ အများကြီး မချိတ်သင့်
တချို့ဖုန်းတွေက ချိတ်ဆက်နိုင်တဲ့အရေအတွက် ကန့်သတ်ထားတာမျိုးလည်း ရှိတတ်ပါတယ်။ အခြေခံကျတဲ့ စည်းမျဉ်းကတော့ ငါးခုထက်ပိုပြီး ချိတ်လို့မရပါဘူး။ ကျွန်တော့အယူအဆကတော့ နှစ်ခုထက်ပိုရင်တောင် နည်းနည်းလေး သုံးရမကောင်းတော့ဘူး ထင်တာပါပဲ။
တကယ်လို့ တစ်ကြိမ်တည်းနဲ့ အများကြီးချိတ်ထားတယ်ဆိုရင်တော့ သင့်မှာ interfering signals ဒါမှမဟုတ် carrier blocking interfering ရှိဖို့လိုအပ်ပါတယ်။ သုံးစွဲမယ့် အရေအတွက်ကို လျှော့လိုက်ခြင်းကလည်း သင့်ရဲ့ internet connection ကို ပိုမိုကောင်းမွန်လာစေပါတယ်။
နှောင့်ယှက်မှုများက ထွက်ခွာခြင်း
wireless activity အရမ်းများတဲ့နေရာတွေမှာဆိုရင် interference အရမ်းများတတ်တဲ့အတွက် wireless signals ကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ အဲဒီလိုနေရာတွေမှာ ဆေးရုံ၊ သတ္ထုအဆောက်အအုံတွေလည်း ပါဝင်ပါတယ်။ တကယ်လို့ သင်က အဲဒီနေရာတွေနဲ့အနီးမှာဆိုရင်တော့ သင့်ရဲ့ iPhone ကို လိုင်းကောင်းတဲ့နေရာကို ရွှေ့သင့်ပါတယ်။ ဒါမှလည်း အခြားပစ္စည်းတွေကနေ လိုင်းကောင်းကောင်း သုံးနိုင်မှာဖြစ်ပါတယ်။
Wi-Fi ကို နောက်ထပ် Troubleshoot ခြင်း
သင့်ရဲ့ iPhone ဒါမှမဟုတ် iPad မှာ အများဆုံးကြုံရတဲ့ Wi-Fi ပြဿနာတွေကို ဘယ်လိုဖြေရှင်းသင့်သလဲဆိုတဲ့ နည်းလမ်းတွေ ကျွန်တော်တို့မှာ အများကြီး ရှိပါတယ်။ Personal Hotspot နဲ့ပတ်သတ်ပြီးဖြေရှင်းဖို့ အဖိုးတန်နည်းတွေလည်း ရှိပါတယ်။ အဲဒီထဲက တချို့လောက်ကို ကြိုးစားကြည့်သင့်ပါတယ်။

USB နဲ့ Personal Hotspot သုံးသည့်အခါ တွေ့ရတဲ့ ပြဿနာ

ဝိုင်ယာကြိုးနဲ့ချိတ်ဆက်တဲ့ USB connection မှာဆိုရင် မှားယွင်းနိုင်ချေ နည်းပါးပါတယ်။ ၀ိုင်ယာနဲ့ဖြစ်တဲ့အတွက် ယုံကြည်စိတ်ချရပါတယ်။ ဒါကြောင့် ပြဿနာတွေက configuration မမှန်ကန်မှုကြောင့် ဖြစ်တတ်တာပါ။
Personal Hotspot အတွက် USB connection ကို သုံးတော့မယ်ဆိုရင် အောက်ကအချက်လေးတွေကို ကြိုးစားလုပ်ကြည့်ပါ။
သင့်ရဲ့ ပစ္စည်းကို ကွန်ပျူတာက သိသလား
တကယ်လို့ သင့်ပစ္စည်းတွေရဲ့ ၀ိုင်ယာ connection က ချို့ယွင်းနေတယ်ဆိုရင် သင့်ရဲ့ data transfer လုပ်ခွင့်ကလည်း အဆင်မပြေနိုင်ပါဘူး။ ဒါကြောင့် သင့်ရဲ့ အားသွင်းကြိုးဟာ ဆက်သွယ်ထားပေမယ့်လည်း အချက်အလက်တွေကို ကူးပြောင်းပေးနိုင်မှာ မဟုတ်ပါဘူး။
iTunes ကို ဖွင့်ပြီးတော့ ချိတ်ဆက်မှုကောင်းမွန်သလားဆိုတာကို စစ်ကြည့်နိုင်ပါတယ်။ ပြီးတော့ သင့်ရဲ့ကွန်ပျူတာက ဖုန်းကို သိသလားဆိုတာလည်း မြင်ရပါတယ်။ တကယ်လို့ မြင်ရတယ်ဆိုရင်တော့ ချိတ်ဆက်မှု အဆင်ပြေပါတယ်။ မဟုတ်ရင်တော့ ပလပ်ဖြုတ်ပြီး ပြန်တပ်၊ နောက်တစ်ခေါက် ကြည့်ကြည့်ပါ။ မမြင်ရသေးဘူးဆိုရင်တော့ အားသွင်းကြိုး နောက်တစ်ခုကို လဲလိုက်ပါ။
network settings ကို စစ်ပါ
တကယ်လို့ Mac ပေါ်မှာဆိုရင် System Preferences → Network  ကို သွားပြီးတော့ “iPhone USB” ဆိုတာလေး ပေါ်နေသလားဆိုတာကို တစ်ချက်စစ်ကြည့်ပါ။ တကယ်လို့ အဲဒီလို မပေါ်ဘူးဆိုရင်တော့ + button လေးကိုနှိပ်ပြီး “iPhone USB” ဆိုတာလေးကို ထပ်ထည့်လိုက်ပါ။
ထည့်ပြီးရင်တော့ Settings cog button လေးကို နှိပ်ပြီးတော့ အဲဒီ service ကို ဖွင့်လိုက်ပါ။

Bluetooth နဲ့ Personal Hotspot သုံးသည့်အခါ တွေ့ရတဲ့ ပြဿနာ

နောက်ဆုံးနည်းလမ်းတစ်ခုကတော့ Bluetooth နဲ့ ချိတ်ဆက်ခြင်း ဖြစ်ပါတယ်။ ဒါာ အကွာအဝေးကန့်သတ်ချက်ရှိလို့ အသုံးနည်းတာလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘတ်ထရီ အနည်းငယ်သာ အသုံးပြုတဲ့အတွက် အသုံးဝင်တယ်လို့ ဆိုရမှာလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Apple ရဲ့ Bluetooth ဖွင့်တဲ့အခါမှာ အရမ်းကိုအသေးစိတ်တာမျိုးတွေ ကြုံရပါတယ်။
Bluetooth Personal Hotspot mode ဟာ ကောင်းကောင်းအလုပ်မဖြစ်ဘူးဆိုရင်တော့ အောက်မှာပြထားတာလေးတွေကို စမ်းကြည့်လိုက်ပါ။
Bluetooth ဖွင့်ထားလား စစ်ခြင်း
Bluetooth က သင့်ရဲ့ iPhone မှာဖွင့်ထားပေမယ့် အခြားချိတ်ဆက်မဲ့ဟာမှာ မဖွင့်ဘူးဆိုရင်လည်း အလုပ်မဖြစ်ပါဘူး။ ဒါကြောင့် နှစ်ဖက်စလုံးမှာ ဖွင့်ထားလားဆိုတာ စစ်ပါ။
Bluetooth ကို ဖွင့်၊ပိတ် လုပ်ခြင်း
အပေါ်မှာ ပြောခဲ့သလိုပဲ၊ ရိုးရိုးလေးပါပဲ။ Control Center ကိုဖွင့်၊ Bluetooth ကို off လုပ်၊ ပြီးရင် on လုပ်။ အဲဒီလိုလုပ်တာကို ချိတ်ဆက်မယ့် ပစ္စည်းမှာပါ လုပ်နိုင်ပါတယ်။ ဒါဆိုရင်တော့ pair လုပ်တဲ့အခါ အဆင်ပြေစေပါတယ်။
Pair ဖြစ်မဖြစ် စစ်ပါ
Bluetooth အသုံးပြုဖို့ဆိုရင် နှစ်ဖက်စလုံးဟာ pair လုပ်ပြီးမှ ဆက်သွယ်လို့ရပါတယ်။ pair မလုပ်ရသေးတဲ့အတွက်ကြောင့်လည်း အလုပ်လုပ်မလုပ်တာ ဖြစ်နိုင်ပါတယ်။
အဲဒီလို စစ်ဖို့အတွက် Settings → Bluetooth  ထဲကနေပြီးတော့ ကြည့်လိုက်ပါ။ သင့်ရဲ့ အခြားပစ္စည်းမှာလည်း Bluetooth settings ထဲဝင်ပြီး ကြည့်နိုင်ပါတယ်။
Forget and re-pair the device
Apple Bluetooth က ဘယ်လိုမျိုး အသေးစိတ်တယ်ဆိုတာ မှတ်မိပါသလား။ ကောင်းပါပြီ။ developer အများစုဟာ “အိပ်မက်ဆိုး”လို့တောင် တင်စားကြပါတယ်။ သင့်ရဲ့ ဖုန်းနှစ်လုံးဟာ pair ဖြစ်တယ်လို့ ပြောနေပါပြီ။ သို့သော်လည်း “forgetting” လို့ လုပ်လိုက်ပြီးတော့ pair ပြန်လုပ်လိုက်ပါ။
network settings ကို စစ်ဆေးကြည့်ပါ
တကယ်လို့ Mac သုံးနေတယ်ဆိုရင် System Preferences → Network  မှာ network settings ကို စစ်ပြီး “Bluetooth PAN” ရနေသလား၊ ဖွင့်ထားလားဆိုတာကို ကြည့်လိုက်ပါ။ တကယ်လို့ဖွင့်ထားတယ်ဆိုရင်တော့ Menu Bar  က Bluetooth menu ကိုသွား၊ သင့်ဖုန်းကိုရွေးပြီး ချိတ်ဆက်လိုက်ပါ။
Windows သုံးနေတယ်ဆိုရင်တော့ task bar မှာရှိတဲ့ notification area က Bluetooth menu ကိုဖွင့်၊ Join a Personal Area Network ကို နှိပ်ပါ။ အဲဒီမှာ သင့် iPhone ကို ရွေးပေးပြီး Bluetooth နဲ့ ချိတ်လိုက်ပါ။
Bluetooth ကို နောက်ထပ် Troubleshoot ခြင်း
ကျွန်တော်တို့မှာ Bluetooth နဲ့ ပတ်သတ်တဲ့ troubleshooting နည်းလမ်းတွေရှိပါသေးတယ်။ အဲဒီကနည်းတွေနဲ့ ကြိုးစားကြည့်ပါ။

အဆင်မပြေသေးဘူးလား

အခြေခံလေးတွေကို ကျွန်တော်တို့ ဖော်ပြခဲ့တာဖြစ်ပါတယ်။ တကယ်လို့ အလုပ်မဖြစ်သေးဘူးဆိုရင်တော့ Apple နဲ့ ဆက်သွယ်လိုက်ပါတော့။ အတည်ပြောနေတာပါ။
Personal Hotspot ပြဿနာ အများစုကတော့ အပေါ်ကနည်းတွေနဲ့ ဖြေရှင်းလို့ရပါတယ်။ အလုပ်မဖြစ်သေးရင်တော့ တော်တော်လေးအဆင့်မြင့်တဲ့နည်းနဲ့ ပြင်ဖို့လိုအပ်နေပါပြီ။ သင့်ရဲ့ iPhone ကို restore လုပ်ဖို့ပြင်ထားပါ။ Apple က troubleshooting အဆင့်မြင့်မြင့်လုပ်တော့မယ်ဆို အဲဒီလိုလုပ်ဖို့ အကြံပြုထားလို့ပါပဲ။