Breaking News

ပြည်တွင်း၌ MPU ကတ် သုံးစွဲသူဦးရေ ရှစ်သိန်းငါးသောင်း ရှိလာ 

မြန်မာနိုင်ငံတွင် ATM ကတ်များ ပြန်လည်ထုတ်လုပ်ခဲ့ပြီး နောက်ပိုင်း ယခုလက်ရှိတွင် ပြည်တွင်းဘဏ်လုပ်ငန်း စီးဆင်းလည်ပတ်မှု၌ MPU (Myanmar Payment Union) ကတ် သုံးစွဲသူဦးရေမှာ ရှစ်သိန်းငါးသောင်းအထိ ရှိလာပြီဖြစ်ကြောင်း သတင်းရရှိသည်။

MPU စနစ် အသုံးပြုသော မည်သည့်ဘဏ်တွင်မဆို ATM စက်များ၌ အဆိုပါကတ်များဖြင့် ငွေထုတ်ယူနိုင်သည့် ဝန်ဆောင်မှုကို အသုံးပြုသူဦးရေသည် ၂၀၁၄ ခုနှစ်တွင် ပိုမိုမြင့်တက်လာ ခဲ့ခြင်းဖြစ်ပြီး အထူးသဖြင့် ပုဂ္ဂလိက ကုမ္ပဏီဝန်ထမ်းများ၏ အသုံးပြုနှုန်းက များပြားကြောင်း ရန်ကုန်အခြေစိုက် ဘဏ်လုပ်ငန်းအချို့မှ စုံစမ်းသိရသည်။၂၀၁၂ ခုနှစ် မှစတင်၍ ဘဏ်အရေအတွက် ၂၀ ဖြင့် စတင်ခဲ့သည့် MPU စနစ်သည် ယခုလက်ရှိအချိန်တွင် ပြည်တွင်းအခြေစိုက် ဘဏ် ၁၅ ခုနှင့် ချိတ်ဆက် အသုံးပြုနေခြင်းဖြစ်ကြောင်း သိရသည်။ပြည်တွင်းဘဏ်လုပ်ငန်း စီးဆင်းလည်ပတ်မှုတွင် အလွယ်တကူ သယ်ဆောင်နိုင်သည့် smart card အမျိုးအစားဖြစ်သည့် ATM ကတ် သုံးစွဲသူ အရေအတွက်မှာမူ တစ်ဆယ့်နှစ်သိန်းဝန်းကျင်အထိ ရှိလာပြီ ဖြစ်သည်။မြန်မာငွေပေးချေမှုအဖွဲ့ (MPU) အနေဖြင့် ပြည်တွင်းဘဏ်လုပ်ငန်း စီးဆင်းလည်ပတ်မှု၌ အလိုအလျောက် ငွေထုတ်ယူနိုင်သည့် အဆိုပါ Smart Card များအား လက်ရှိထက် ပိုမိုတွင်ကျယ်စွာ အသုံးပြုလာနိုင်ရေး အတွက် နိုင်ငံတကာနှင့် ချိတ်ဆက် အသုံးပြုနိုင်မည့် MPU ကတ် ဝန်ဆောင်မှုများကို တိုးချဲ့လျက်ရှိနေကြောင်း သိရသည်။

    ★ Myanmar IT&APP (နည်းပညာ) ★

Online ၀င်ငွေရှာချင်သူများအတွက် ဒီမှာပါ