Phone, iPad, iPod ကို Mac computer secondary screen(monitor) အဖြစ်သုံးခြင်း
ကျွှန်တော် Apple’s Devices တွေ၊ Software တွေသုံးတိုင်း စိတ်လှုပ်ရှားရတယ်။ ဒါပေမဲ့ဒီတစ်ခေါက်ကတော့ ဘယ်တုန်းကမှနဲ့ မတူအောင်စိတ်လှုပ်ရှားတယ်။ iPhone, iPad ကို Mac secondary display အနေနဲ့ အသုံးပြုနိုင်အောင် Software တွေအများကြီးထွင်ကြပါတယ်။ အများစုက wifi အသုံးပြုပြီး လုပ်ထားတာပါ။ lag လိုခေါ်တဲ့ screen ပျက်တောင်းတောင်းနဲ့ ထစ်တာမျိုးတော့ ရှိတာပေါ့။ အခု lag ဖြစ်တဲ့ပြဿနာကို Apple Engineer ဟောင်း Rahul Dewan ကဖြေရှင်းပေးလိုက်ပါတယ်။Connection ကိုapple iPhone, iPad မှာပါတဲ့ Lightning or 30-pin cable ကို အသုံးပြုထားပါတယ်။ Wifi ကိုအသုံးမပြုလို့ Data transfer ပိုမြန်ပြီး Extra display အဖြစ်အသုံးပြုတာကို အကောင်းဆုံး အသုံးပြုနိုင်ပါတယ်။
Duet Display ကို Retina mode အနေနဲ့ရော၊ Non Retina mode အနေနဲ့ပါ အသုံးပြုနိုင်လို့။ iPad 1,2 ကို Mac အဟောင်းများနှင့်ပါ Extra display အဖြစ်ပါအသုံးပြုနိုင်ပါတယ်။ အရမ်းစိတ်လှုပ်ရှားစရာကောင်းတဲ့ တီထွင်မှုပါပဲ။ ဒါကို Apple ကလဲ အသိအမှတ်ပြုလက်ခံလိုက်ပါပြီ။ Duet Display App ကို iOS App Store မှာ 9.99$ နဲ့ဝယ်နိုင်ပါပြီ။ နောက်ဆိုရင်တော့ 14.99$ ဖြစ်မယ်လို့ကြောငြာထားပါတယ်။ ကျွှန်တော်ထွက်ထွက်ချင်းဝယ်စမ်းတာ အရမ်းအဆင်ပြေလို့ ပြောတာပါ။
System unit တစ်ခုထဲကို Monitor အများကြီးချိတ်ဆက်ပြီး မတူညီတဲ့ အလုပ်များကို မတူညီတဲ့ Monitor များမှာတပြိုင်တည်းလုပ်တာကိုဆိုလိုတာပါ။ Extended display လို့ခေါ်ပါတယ်။ နောက်ဆုံးထုတ် Mac Pro ဆိုရင် Display 8 ခုထိရတယ်လိုဆိုတယ်။
Multiple Display မရှိလဲ Multiple Desktop သုံးလိုရတာ Mac User တော်တော်များများသိပါတယ်။ Desktop တစ်ခုနဲ့ တစ်ခုကို Magic Trackpad ပေါ်မှာ လက်လေးချောင်းကို Swiping လုပ်လိုက်ယုံပါ။ ဒီ နေရာမှာ Multiple desktop(Extended Display) နဲ့ mirroring (Clone screen ) မတူတာကိုပြောလိုပါတယ်။ clone ဆိုတာ အခုလက်ရှိ သုံးနေတဲ့ Screen အတိုင်း ချိတ်ဆက်လိုက်တဲ့ Extra Display မှာပေါ်တာကိုပြောတာပါ။ ဒါကိုတော့ Window မှာလဲရပါတယ်။ Game ကစားဖို့ အိမ်က တီဗွီအကြီးကြီးနဲ့ ချိတ်ဆက်တာမျိုးပေါ.။ အခု Multiple Desktop က Sreen တစ်ခုမှာ စာရိုက်နေမယ်။ နောက်Sreen တစ်ခုမှာ Power point လုပ်မယ် ။ Movie ကြည့်မယ်Mac computer ကတော့ တစ်လုံးတည်း။
အခု Duet Display ကိုအသုံးပြုပြီး လုပ်မယ်ဆိုရင်၊ iPad Air 2 ကိုသုံးရင်တော့ ကမ္ဘာ. အပါးဆုံး Retina Display Monitor ဖြစ်မယ်။ iPod Touch 4 Gen ကိုသုံးရင်တော့ ကမ္ဘာ. အသေးဆုံး Retina Display Monitor ဖြစ်သွားမှာပါ။ လိုအပ်ချက်အနေနဲ့ကတော့1. Mac Computer with OS X 10.9 Maverick or later2. iPhone,iPod, iPad with iOS 5.1.1or later3. 10$ for iTune store Giftcard4. Mac version Duet Display က Free ပါ။ iOS Version Duet Display ကတော့ လောလောဆယ် 9.99$ ပါ။
http://www.duetdisplay.com/
[Direct Link]ပုံရိပ်များကိုလည်း 30 or 60 frames per second နဲ့ပို့ပေးနိုင်လို့ ပေါ်ခဲ့သမျှထဲမှာ အကောင်းဆုံးလို့ဆိုနိုင်ပါတယ်။Mac computer ထဲမှာ Retina Display နဲ့မဟုတ်တာ ကတော့ MacBook Air ပဲကျန်ပါတော့တယ်။ Rumor တွေအရတော့ သူလဲ Retina နဲ့ထွက်တော့မယ်ကြားပါတယ်။ မထွက်ခင် iPad ကို Retina Display အဖြစ်သုံးလိုက်ရအောင်လား။Hackintosh computer များမှာလဲရ၏။