မိုဘိုင်းဖုန်း OS ရာဇ၀င်မှာ iOS ဘာကြောင့် ကြီးစိုးနေရတာလဲ
Apple ရဲ့ iPhone 5s, 5c နဲ့အတူ စမတ်ဖုန်း သုံးစွဲသူတွေဟာ iOS 7 ကို မြင်တွေ့ခဲ့ရပြီ။ Apple က ကြိုတင် ပြောထားတဲ့အတိုင်းပဲ ပြည့်စုံကောင်းမွန်တဲ့ လုပ်ဆောင်ချက်တွေဟာ iOS ပရိသတ်တွေကို မသုံးဘဲ မနေချင်အောင်ကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ အရင်တုန်းက iPhone မှာ လုံခြုံရေးစနစ်အဖြစ် ထည့်သွင်းပေးခဲ့တဲ့ Passcode နေရာမှာ password တွေ ရိုက်နေစရာ မလိုတော့ဘဲ Home button ပေါ်ကို လက်ချောင်းလေး တင်လိုက်တာနဲ့ finger print identity sensor က သင့်ရဲ့ လက်ဗွေကို ဖက်ယူကာ သင့်ရဲ့ iPhone ဖြစ်ကြောင်း အတည်ပြုပြီး ဖုန်းကို unlock ပြုလုပ်ပေးမယ့် နည်းပညာတွေ ပါဝင်လာတယ်။ ဒီစနစ်နဲ့ပဲ App store ကို ဝင်ရောက်တဲ့အခါ Apple ID အဖြစ် password တွေ ရိုက်စရာမလိုဘဲ home button ပေါ်ကို လက်ချောင်းလေး တင်လိုက်ရုံနဲ့ ဝင်ရောက်နိုင်မှာ ဖြစ်ပါတယ်။ အသစ်ထည့်သွင်းပေးထားတဲ့ A7 chip ဟာ iPhone 5 ရဲ့ A6 chip ထက် CPU ရော GPU မှာပါ ၂ ဆခန့် ပိုမြန်ပါတယ်။ Open GI.3.0 ဖြစ်တာကြောင့် ဂိမ်းတွေမှာ မြင်တွေ့ရမယ့် အသေးစိတ် ပုံဖော်နိုင်စွမ်းကို အပြည့်အဝ တွေ့မြင်ရမှာ ဖြစ်ပါတယ်။Apple ဟာ အလျင်မြန်ဆုံးအဟုန်နဲ့ ရှေ့ကို ချီတက်နေပါတယ်။ ဒါပေမယ့် သူရဲ့ ပြိုင်ဘက်တွေ တရွေ့ရွေ့နဲ့ ချီတက်လာတာကိုလည်း မေ့ထားလို့ မရပါဘူး။ လက်တလောအချိန်မှာ အဓိက ပြိုင်နေရတာ ဆိုလို့ Android တစ်ခုပဲ ရှိပါသေးတယ်။ ဒါပေမယ့် အချိန်မီ နောက်ကောက်ကျအောင် မလုပ်နိုင်ရင်တော့ android device တွေရဲ့ ခြိမ်းခြောက်မှုကို ခံရနိုင်တယ်။ နိုင်ငံအနှံ့မှာ ထုတ်လုပ်နေတဲ့ မိုဘိုင်း device တွေမှာ android ကို သုံးစွဲထားတာကြောင့်ပါပဲ။ ကိုယ်ပိုင် မိုဘိုင်းစက် လည်ပတ်မှု စနစ် မထုတ်လုပ်နိုင်သူတွေ အတွက်ကတော့ android က အဖော်မွန်ကောင်းပါပဲ။ ဒါ့အပြင် မိုဘိုင်းဖုန်း ထုတ်လုပ်သူ ကုမ္ပဏီတွေ အနေနဲ့ သူတို့ရဲ့ ကိုယ်ပိုင် OS တွေ ထုတ်လုပ်ပြီး ဈေးကွက်ကို ဝင်ရောက်နိုင်စေဖို့ ကြံစည်လျက် ရှိနေပါတယ်။Android ဟာ မိုဘိုင်း OS တွေထဲ ဘယ်လောက်တောင် ကြီးမားတဲ့ ဈေးကွက်ဝေစုကို ရရှိနေတယ်ဆိုတာ မသိနိုင်ပေမယ့် နာမည်ကြီး စမတ်ဖုန်း တစ်လုံးကို ကြည့်လိုက်လို့ ဘယ် OS သုံးထားတာလဲ ကြည့်လိုက် android လို့ ပြောလိုက်မယ်ဆိုရင် အံ့သြစရာတောင် မလိုပါဘူး။ ဒါဟာ google ရဲ့ အစွမ်းကုန်ကြိုးစား အားထုတ်မှုကို အသိအမှတ်ပြုရမှာပါ။
သူများတွေ ရပ်နေတဲ့အချိန်မှာ အခွင့်အခါကောင်းကို အပြည့်အဝ အသုံးချပြီး open source platform ကို ထုတ်ပြခဲ့တာပါ။ ယနေ့အချိန်ကို ကြည့်လိုက်ရင် ပိုသိသာပါလိမ့်မယ်။ သုံးစွဲသူ တစ်ယောက်ဟာ apple ကို ကြိုက်လို့ ဖုန်းကိုင်ချင်တယ်ဆိုရင် iphone ကိုပဲ ဝယ်သုံးမှသာ ရမှာပါ။ ဒါပေမယ့် ဈေးတော့ကြီးပါမယ်။ တကယ်လို့ သူတို့ဆီက AT&T, Verizon တို့နဲ့ စာချုပ် ရှိမယ်ဆိုရင်တော့ သက်သာတဲ့ နှုန်းထားတစ်ခုနဲ့ ရနိုင်ပါလိမ့်မယ်။
ဒီလိုပါပဲ Tablet ကိုင်ချင်တယ်ဆိုလည်း apple မှာက iPad ပဲ ရှိပါတယ်။ သူလည်း ထိုနည်း လည်းကောင်းပါပဲ။ ဈေးတော့ ကြီးပါလိမ့်မယ်။ Android မှာတော့ ဒီလို မဟုတ်ပါဘူး။ Android ကို သဘောကျလို့ သုံးချင်တယ်ဆိုရင် သူ့ကို ထည့်သွင်းတားတဲ့ Samsung, HTC, LG, Hauwei, ZTE နဲ့ တခြား Brand ပေါင်းစုံက စောင့်ကြိုနေပါလိမ့်မယ်။
ငွေကြေးလည်း တက်နိုင်တယ်၊ ဖက်ရှင်လည်း ကျချင်တယ်ဆိုရင် S4, Note နဲ့ HTC One လို စမတ်ဖုန်းတွေကို သုံးနိုင်မယ်။ ဈေးသက်သာတဲ့ ဖုန်းကိုင်ဆောင်ချင်တယ်ဆိုရင် Samsung, Huawei ဆီမှာတင် ဈေးသက်သာတဲ့ ဖုန်းတွေ ရရှိနိုင်လိမ့်မယ်။ ဒါဟာ android စမတ်ဖုန်း သုံးတဲ့သူတွေအတွက် ရရှိနိုင်တဲ့ အခွင့်အလမ်းပါ။ ဒီလိုအခွင့်အလမ်းမျိုးကလည်း android OS ဆီကနေပဲ ရနိုင်ပါလိမ့်ယမယ်။
တခြား OS တွေဆီကတော့ မရနိုင်ပါဘူး။ ဘာကြောင့်ဆိုရင် android က အဖွင့်သဘောဆောင်တဲ့ Mobile OS ကြီး ဖြစ်နေလို့ပါပဲ။
Android ဆိုတာ တကယ့်တော့ ဖုန်း ဒါမှမဟုတ် tablet အတွက် iOS မဟုတ်တဲ့ နောက်ထပ် operating system တစ်ခုမျှသာ ဖြစ်ပါတယ်။ ဒါပေမယ့် သူက အခြားသူတွေ ပြုလုပ်တဲ့ ပုံစံမျိုး လုပ်မထားပါဘူး။ နည်းပညာပိုင်း စိတ်အားထက်သန်တဲ့ ပညာရှင်တွေကြားထဲ ဒီအတိုင်း လွှတ်ပေးလိုက်ခြင်းအားဖြင့် ကြိုတင်စီမံမှု မရှိ အလိုလျောက် ပုံစံမျိုးနဲ့ ပေါ်ထွက်လာခဲ့တယ်။ ရလဒ်ကတော့ ထူခြားပြီး ဆွဲဆောင်မှုရှိတဲ့ android နဲ့ ပတ်သက်တဲ့ App တွေ ထွက်ပေါ်လာတာပါပဲ။ လက်ရှိ ဈေးကွက်ဦးဆောင်သူ ဖြစ်တဲ့ Apple iOS ဆီကနေပြီး စိတ်ကူးတွေ ဘယ်လောက်များများ ချေးငှားယူခဲ့တယ်ဆိုတာကို ခေတ်ရှေ့ကို မှန်းမျှော်တဲ့ Android ရဲ့ အစွမ်းကို မြင်တာနဲ့ သိနိုင်ပါတယ်။ စတင်ထုတ်လိုက်တဲ့ ပထမဆုံးရက်ကစပြီး Android ကိရိယာတွေဟာ သူတို့ရဲ့ အင်အားကို Google ရဲ့ Cloud အခြေပြု web apps အစုံလိုက်ပါတဲ့ suite ကနေပြီး ရရှိခဲ့ပါတယ်။ Android ဖုန်းတွေအတွက် Email က Gmail app နဲ့ ချိတ်ဆက်ထားတယ်။ Apps တွေကို Google Calendar sync လုပ်ပေးတယ် စသည်ဖြင့် ဖြစ်ပါတယ်။ အရေးကြီးတဲ့ အရာတိုင်းကို cloud အပေါ် ချက်ချင်း သင်ဟာ tablet နဲ့ပဲကြည့်ကြည့်၊ handset ဒါမှမဟုတ် laptop နဲ့ပဲ ကြည့်ကြည့် အားလုံးဟာ အကြမ်းဖျဉ်းအားဖြင့် တူညီတဲ့ ပုံစံပဲ ထွက်မှာပါ။Android ဟာ ပွင့်လင်းလွတ်လပ်မှုကို ကြီးကြီးကျယ်ကျယ် ပေးထားတယ်။ Operating System ရဲ့ အနှစ်အသားကနေပြီး အရာအားလုံးနီးပါးဟာ အပြည့်အဝ အသုံးချနိုင်စွမ်း ရှိတယ်။ ဆိုလိုတာက အဲဒါကို လူတိုင်းရနိုင်ပြီး သင့်မှာ လိုအပ်တဲ့ programming စွမ်းရည်ရှိမယ် ဆိုရင် သူရဲ့ ပြုမှုဆောင်ရွက်ပုံကို ပြောင်းလဲယူနိုင်ပါတယ်။ ဘယ်သူမဆို Android SDK (Software Development Kit) ကို အခမဲ့ download ချယူနိုင်တယ်။ ပြီးတော့ လိုအပ်တဲ့ နည်းပညာ အသိသာ ရှိမယ်ဆိုရင် နာရီပိုင်းအတွင်း Android Market အပေါ် ဖြန့်ဝေဖို့ Android app ကို ဖန်တီး ယူနိုင်မယ်။Apple ရဲ့ iOS, RIM ရဲ့ BlackBerry OS နဲ့ Windows Phone တွေက ပိုပြီး အပိတ်သဘော ဆောင်တယ်။ OS ရဲ့ အလုပ်လုပ်ပုံကို သိရှိရယူနိုင်မှုမှာ ကြိုတင် သတ်မှတ်ထားတဲ့ functions နဲ့ Libraries အစုအဝေးနဲ့ ကန့်သတ်ခံထားရတယ်။ Apps တွေမှာ အသိအမှတ်ပြု လက်သင့်ခံမှု ရဖို့ဆိုတာ အဓိက ကျတယ်။ ဒါကြောင့် ipad အတွက် ပြုလုပ်ထားသည် ဆိုတဲ့ တံဆိပ် ရဖို့ တွဲဖက်ပစ္စည်း ထုတ်လုပ်သူတွေဟာ လိုင်စင် အခကြေးငွေ အတော်လေး ပေးရလေ့ ရှိတယ်။ Android ကိရိယာတွေနဲ့ ပတ်သက်လာရင်တော့ မိုဘိုင်း ဆော့ဖ်ဝဲနဲ့ ပတ်သက်လို့ အတက်ပညာ ရှိသူ ဘယ်သူ့အတွက် မဆို ADK အစ် (Accessories Development Kit) ကို အခြေခံပြီး တစ်ခုခု တည်ဆောက်ဖို့ အခမဲ့ ရနိုင်ပါတယ်။ Open Source ပေးထားမှုက မကြာခင်မှာပဲ Android ကို အရင်ကထက် ပိုပြီး လူကြိုက်များလာအောင် လုပ်ပေးလာနိုင်တယ်။ အလွယ်ဆုံး အရှင်းဆုံး ပြောရရင် iOS ကို အရွယ်အစား မတူတဲ့ touchscreen နှစ်ခုအပေါ် ရနိုင်တယ်။ Android ကိုတော့ ထွေပြားများမြောင်တဲ့ hardware တွေမှာ အလုပ်လုပ်ဖို့ ပြုလုပ်ထားတယ်။ ဖုန်းနဲ့ tablet တွေက အရွယ်အစား အမျိုးမျိုးနဲ့ လာတယ်။ တချို့ စမတ်ဖုန်း ထုတ်လုပ်တဲ့သူတွေ ဆိုရင် သူတို့ရဲ့ ကိုယ်ပိုင် User interface (UI) တွေတောင် ထည့်သွင်းပေးတယ်။Android tablet နဲ့ စမတ်ဖုန်းတွေက ‘root’ လုပ်ရတာ လွယ်တယ်။ ဆိုလိုတာက သင်အမြဲရနေကျထက်ပိုတဲ့ ထိန်းချုပ်မှုစီမံမှု administration အခွင့်အရေးကို ပေးထားတယ်။ ဒါက OS ကို ပြောင်းလဲခွင့် ပြုတယ်။ ထုတ်လုပ်သူ ဒါမှမဟုတ် ဖုန်းလိုင်း သယ်ဆောင်သူတွေ ထည့်ပေးလိုက်တဲ့ ဆော့ဖ်ဝဲတွေကို ဖယ်ရှားပြီး အခြားနည်းနဲ့ဆိုရင် မရနိုင်တဲ့ ဆော့ဖ်ဝဲတွေ install လုပ်ခွင့် ပြုတယ်။ PC အရွယ် Linux OS တစ်ခုလုံးကိုတောင် Android ဖုန်းအချို့မှာတင် ယူနိုင်တယ်။နောက်ဆုံးတော့ App ပေါင်း သိန်းနဲ့ချီ ရှိနေတဲ့ App Store ကို ဘယ်သူမှ အနိုင်ယူဖို့ မဖြစ်နိုင်သလို Developer အမာခံတွေလည်း ရှိနေပြန်တယ်။ iOS 7 ကို WWDC 2013 မှာ စတင်မိတ်ဆက်ခဲ့ပြီး Beta version (၅) ခုမြောက် ထုတ်လုပ်အပြီးမှာ iPhone အသစ်နဲ့အတူ final version အဖြစ် ထွက်ရှိလာခဲ့တယ်။ အချိန်ခဏအတွင်းမှာ Beta version တွေ အများအပြား ထွက်ရှိခဲ့တဲ့အတွက် developer တွေအတွက် ခန့်မှန်း မရနိုင်အောင် ရှိခဲ့ရာမှ iPhone 5S ကို စတင်ပြသလိုက်တဲ့ September 10 နေ့ကျမှ Apple ရဲ့ အကြံအစည်ကို တိတိကျကျ သိလိုက်ရတယ်။ ဘာကြောင့်ဆိုရင် အသစ် ပါဝင်လာမယ့် နည်းပညာ ဖြစ်တဲ့ 64 bit တည်ဆောက်မှု ပုံစံနဲ့အတူ Touch ID လို စနစ်မျိုးတွေ၊ M7 coprocessor လို လုပ်ဆောင်မှုမျိုးတွေနဲ့ iOS 7 ကို အံဝင်ခွင်ကျစေဖို့ beta version အများအပြား ထွက်ရှိခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ Android အတွက် ကံမကောင်းစွာနဲ့ Apple ဟာ သူလက်ခံ သုံးစွဲတဲ့ နည်းပညာ နေပြီး အကျိုးအမြတ် အများဆုံး ရအောင် အစွမ်းကုန် အသုံးချလေ့ ရှိတယ်။ ဒါကြောင့် ပိုပြီး ဖြုံလောက်စရာ ရန်သူ ဖြစ်လာစေမယ်။