Breaking News

Samsung Galaxy Note 7 ကိုဆက်မသုံးကြဖို့ US အစိုးရတိုက်တွန်း

တကယ်လို့  Galaxy Note 7 ပိုင်ဆိုင်ထားသူတွေအနေနဲ့ ဘက်ထရီမီးလောင် ပေါက်ကွဲတဲ့ ကိစ္စတွေ ဆက်မဖြစ်တော့ဘူးထင်နေရင် မှားသွားပါပြီ။ ယခု သတိပေးချက်အသစ်ထဲမှာ အမေရိကန် စားသုံးသူများ ထုတ်ကုန်ဘေးကင်းလုံခြုံရေးကော်မရှင် CPSC ဟာ Galaxy Note 7 ဖုန်းပိုင်ရှင်များကို ယင်းစမတ်ဖုန်းတွေ ဆက်မသုံးတော့ဘဲ အားသွင်းတာမျိုး ရပ်တန့် ဖို့ သတိပေးထားပါတယ်။

ဒီသတိပေးချက်ဟာ Galaxy Note 7မှာ ဘက်ထရီပေါက်ကွဲမှုတွေဖြစ်ကြတဲ့ ကားမီးလောင်ပေါက်ကွဲမှုတစ်ခု နှင့် ဟိုတယ်ခန်းတစ်ခု မီးလောင်မှုအပါအဝင် တစ်ခြားမီးလောင်မှုတွေလိုမျိုး  ထင်ရှားသိသာတဲ့ ပိုင်ဆိုင်မှုများ ပျက်စီးဆုံးရှုံးစေခဲ့တဲ့ ကိစ္စတွေအပြီးမှာ ထွက်ရှိလာတာ ဖြစ်ပါတယ်။

Samsung ဟာ Galaxy Note 7 ဖုန်းပိုင်ရှင်တွေကို ဝယ်ယူသည့်ဆိုင်မှာ ပြန်အပ်ပြီး ယာယီအစားပြန်ပေးသည့် ဖုန်းနှင့် လဲလှယ်ပြီး နောက်အသုတ်ထွက်ရှိလာတဲ့အခါ နောက်ဆုံးမှာ အပြစ်အနာလုံးဝကင်းသည့် Galaxy Note 7 နှင့် အစားထိုးပေးသွားဖို့ ပြောထားပြီး ရောင်းပြီးသား ဖုန်းတွေကို ပြန်သိမ်းနေပါတယ်။ကြည့်ရတာ Samsung အနေနဲ့ အမေရိကန်စားသုံးသူများ ထုတ်ကုန်ဘေးကင်း လုံခြုံရေး ကော်မရှင်နဲ့ တိုက်ရိုက်ဆက်သွယ်ပြီး Note 7 ဖုန်းတွေကို ပုံစံမှန်မှန်ကန်ကန် နဲ့ ပြန်အပ်ခြင်း ၊ အစားထိုးလဲလှယ်ပေးခြင်းတွေ လက်တွဲလုပ်ဆောင်သွားဖို့ ဆုံးဖြတ်ထားပါတယ်။

CPSC မှ ထုတ်ပြန်ချက်ထဲမှာ “CPSC ကတော့ Galaxy Note 7 အတွက် ပစ္စည်းအစားထိုးလဲလှယ်ပေးမှုဟာ Samsung ဖြစ်စေ သူ့ ရဲ့ ဖောက်သည်တွေကို ထောက်ပံ့ ထားတဲ့ ဖုန်းတယ်လီကွန်း carriers တွေအတွက် ဖြစ်စေ လက်ခံနိုင်လောက်တဲ့ အနေအထား တစ်ရပ်ဟုတ်မဟုတ်ဆိုတာကို အမြန်ဆုံးဖြတ်ချက်ချမှတ်သွားဖို့ လုပ်ဆောင်နေပါတယ်။

အားသွင်းစဉ် နဲ့ ပုံမှန်သုံးနေစဉ်မှာ မီးလောင်ပေါက်ကွဲမှုတွေ ဖြစ်သွားခဲ့တာ ဖြစ်လို့ သုံးစွဲသူတွေကို Note 7 ဖုန်းတွေ ဆက်မသုံးဖို့ ထုတ်ပြန်လိုက်ရတာပါ” လို့ ဆိုပါတယ်။

Samsung Electronics ရဲ့ အမေရိကမှ ဥက္ကဌတစ်ဦးဖြစ်တဲ့ Tim Baxter ကတော့ ပူးပေါင်းဆောင်ရွက်ချက်ကို အခုလို ပြောပါတယ်။

“ကျွန်တော်တို့ အနေနဲ့ သုံးစွဲသူတွေကို သူတို့ ရဲ့ Galaxy Note 7 တွေကို ဆက်မသုံးဖို့ နဲ့ အခုပဲ ပြန်အပ်ဖို့ တောင်းဆိုထားပါတယ်။ Note 7 အသစ်လဲလှယ်ပေးသွားမှုကိုတော့ CPSC ရဲ့ လုပ်ငန်းစဉ် အကောင်အထည်ဖော်ရာမှာ ပစ္စည်းတွေ ပြန်အပ်နှံတဲ့အစီအစဉ်နဲ့  ပူးပေါင်းသွားဖို့ လုပ်နေပါတယ်။ ဒီအတောအတွင်းမှာ ဖောက်သည်တွေဟာ သူတို့ ရဲ့ Note 7 တွေကို တစ်ခြားဖုန်းတွေနဲ့ အစားရအောင်  ပြန်လည် အပ်နှံသွားလို့ ရပါတယ်။”

US Note 7 Exchange Program အနေနဲ့ ဖောက်သည်တွေကို အောက်ပါရွေးချယ်ချက်တွေ ပေးထား ပါတယ်။

လက်ရှိ Galaxy Note 7 ဖုန်းတွေကို Galaxy Note 7 အသစ်တစ်လုံးနဲ့ ပြန်လဲလှယ်နိုင်ပါတယ်။ (CPSC ခွင့်ပြုချက်ကို စောင့်နေပါတယ်။)Galaxy Note 7 ကို Galaxy S7 တို့ Galaxy S7 edge တို့ နဲ့ လဲလှယ်ရပါတယ်ပြီး Note 7 ရဲ့ ဆက်စပ်ပစ္စည်းတွေကို ဖုန်းအမျိုးအစားအလိုက် ဈေးနှုန်းအလိုက်ပေးပြီး လဲလှယ်ပေးမှု လုပ်သွားမှာပါ။

အမေရိကန်စားသုံးသူထုတ်ကုန် ဘေးကင်းလုံခြုံရေးကော်မရှင်မှ အရေးယူမှုဟာ လေယာဉ်ပေါ်မှာ Note 7 ဖုန်းတွေကို အားသွင်းတာ သုံးစွဲတာ မလုပ်ဖို့ FAA မှ တရားဝင် သတိပေးချက် ထွက်လာပြီးနောက် ထွက်ရှိလာတာ ဖြစ်ပါတယ်။ ယခင်က သတင်းပေးပို့ ထားသလိုပဲ သြစတြေးလျ ၊ အိန္ဒိယ နှင့် အရှေ့ အလယ်ပိုင်း  လေကြောင်းလိုင်းအတော်များများ ကတော့ သူတို့ ရဲ့လေယာဉ်တွေပေါ်မှာ Galaxy Note 7 ဖုန်းတွေကို မသယ်ကြဖို့ တရားဝင်တားမြစ်ဖို့ အဆင့်ဆင့် နည်းလမ်းတွေ ချမှတ်ထားကြပါတယ်။ Samsung အနေနဲ့ သူတို့ ရဲ့  ရောင်းပြီးသား ဖုန်းများ ပြန်ရုပ်သိမ်းမှုကိစ္စကို ကောင်းကောင်း ကိုင်တွယ်နေတယ်ဆိုပေမယ့် ယခုလို ဖုန်းတွေ ပြန်သိမ်းတဲ့ကိစ္စမှာ ပုံစံတကျဖြစ်ဖို့ သက်ဆိုင်ရာ အစိုးရအဖွဲ့ တွေနဲ့ ပူးတွဲလုပ်ဆောင်သွားနေရပါတယ်။

တောင်ကိုရီးယားကုမ္ပဏီကတော့ US Exchange Program မှာ ပါဝင်တဲ့ အမေရိကန် အခြေစိုက် ဖောက်သည်တွေအတွက် ၂၅ ဒေါ်လာတန် gift card တို့ credit bill တို့ ပေးနေပါတယ်။

တကယ်လို့ သင့်အနေနဲ့  Galaxy Note 7 တစ်လုံး ဝယ်ယူထားတယ်ဆိုရင် ဘာကိစ္စမှ မဖြစ်သေးခင် Samsung ကို မြန်မြန် ပြန်အပ်ဖို့ အကြံပြုပါတယ်။



Wai Lin Aung (Myanmar Mobile App)