Breaking News

လက်ရှိ iPhone သုံးစွဲသူ ၁၉% မှာ Samsung ဖုန်းပြောင်းသုံးမည်ဟုဆို

Insuranc2GO မှ ကောက်ယူတဲ့ တလောက စစ်တမ်းတစ်ခုအရ လက်ရှိ အိုင်ဖုန်းသုံးသူများရဲ့ ၅၀% ဟာ Apple ရဲ့ iPhone 7 ကို တစ်ဆင့်တက်သုံးသွားမယ်လို့  တွေ့ ရပါတယ်။ အာမခံလုပ်ငန်းဟာ သူတို့ ရဲ့ ဖောက်သည်များကို ဖုန်းဟန်းဆက် အာမခံဖို့ ရောက်လာတဲ့ အခါ တန်ဖိုးထားမှုအမျိုးမျိုးကို စစ်တမ်းကောက်ခဲ့ပါတယ်။ လူပေါင်း ၁၀၁၄ဦး (UK မှလို့ ယူဆရ) မှ စစ်တမ်းမှာ ဖြေဆိုခဲ့ပါတယ်။ ဒီထဲက တစ်ဝက်ကတော့ သူတို့ ဟာ iPhone 7 ကို ပြောင်းကိုင်တော့မယ်လို့ ဖြေခဲ့ပါတယ်။ ၁၉ % ကတော့ သူတို့ အနေနဲ့ နောက်ထပ် upgrade လုပ်မှုနဲ့ အတူ ဖုန်းအသစ်ဖြစ်တဲ့ Samsung တံဆိပ်ဖုန်းတစ်လုံးလုံးကို ဝယ်တော့မှာ ဖြစ်ပြီး ၈% ကတော့ Apple ဖုန်း မကိုင်တော့ဘဲ တစ်ခြား Samsung မဟုတ်တဲ့ ဖုန်းတံဆိပ်တစ် မျိုးမျိုးကို ပြောင်းကိုင်တော့မှာ လို့ ဖြေဆိုခဲ့ပါတယ်။

ခြုံကြည့်မယ်ဆိုပါက iPhone ကုမ္ပဏီရဲ့ အဓိကဦးစားပေးကတော့ iPhone 7 မော်ဒယ်သစ်ကို ဖြစ်ဖြစ် တစ်ခြားကုမ္ပဏီတစ်ခုခုကနေ ထုတ်လုပ်တဲ့ဖုန်းတစ်လုံးလုံးကို ဖြစ်ဖြစ် အဆင့်ထပ်မြှင့်ထားဖို့ စီစဉ်နေကြတာပါ။ ဒီတော့ လက်ရှိအခြေအနေပေါ်မှာ ဆက်သွားဖို့ ဖြေဆိုသူ၂၃% က စီစဉ်နေတာကို ရပ်ထားပါတယ်။ အကြောင်းကတော့ ဒီလူတွေက ဖုန်းလည်း ပြောင်းမကိုင်နိုင်ကြသလို နောက်အကြောင်းပြချက်တစ်ခုကတော့ လက်ရှိအိုင်ဖုန်းကလည်း သုံးတဲ့လူအတွက် အဆင်ပြေနေတာ ဖြစ်လို့ ဖုန်းအသစ်ထပ်မကိုင်ကြတာပါပဲ။

“ဈေးကွက်ဟာ ပြီးခဲ့တဲ့နှစ်တွေကနေ အံ့အားသင့်စရာကောင်းလောက်အောင် အပြိုင်အဆိုင်တွေ တက်နေပေမယ့် iPhone နှစ်သက်သူတွေ အခိုင်အမာ ရှိနေတာကို တွေ့ ရာတာ တကယ်တော့ အံ့သြစရာ မဟုတ်ပါဘူး။ သူ့ ရဲ့ တီထွင်ဆန်းသစ်မှုတွေနဲ့ သပ်ရပ်ခန့် ညားတဲ့ ဒီဇိုင်းတွေဟာ လူတွေကို Apple ရဲ့ ထုတ်ကုန်တွေမှာပဲ တဝဲလည်လည် ရှိနေစေတာဖြစ်လို့  iPhone ဟာ ထိပ်ဆုံးမှာ ရပ်တည်နေဆဲ ဖြစ်တယ်လို့ ကျွန်တော်တို့  ယုံကြည်ထားပါတယ်” – Duncan Spencer, MD, Insurance2GO

ဒီစစ်တမ်းကို Samsung Galaxy Note 7 မဖြန့် ချိခင် ၂၀၁၆ ဇူလိုင်လ ၄ ရက်နေ့ မှာ ပြုလုပ်ခဲ့တာပါ။ သိတဲ့အတိုင်း Samsung ဟာ စက်တင်ဘာလ ၂ ရက်မှာ သူ့ ရဲ့ Galaxy Note 7 တင်ပို့ မှုကို ရပ်နားထားပါတယ်။ ထပ်ပြောရမယ်ဆိုရင် ရောင်းချပြီးသား ဖုန်းအားလုံးကိုလည်း ဘက်ထရီချို့ ယွင်းချက်ကြောင့် ပြန်လဲပေးဖို့  လိုနေပါတယ်။ ဒီဘက်ထရီပြဿနာကြောင့် အားသွင်းနေစဉ် အနည်းဆုံး phablets နှစ်လုံးပေါက်ကွဲမှု ဖြစ်ခဲ့တာ ပါ။ Samsung ဖုန်းကို ပြောင်းသုံးမယ်ဆိုတဲ့ လက်ရှိအိုင်ဖုန်းသုံးသူ ၁၉% မှာလည်း အဲဒီအချိန်က Galaxy Note 7 ဘက်ထရီပြဿနာဖြစ်ခဲ့တာဆိုရင် တုံ့ ပြန်မှု အမျိုးမျိုး ဖြစ်သွားမှာပါ။