Breaking News

Meizu မှ ထပ်မံထွက်ရှိလာတဲ့ RAM 4GB နဲ့ MX6


Mobile လောကမှာအောင်မြင်မှု့တစ်ခုကိုပိုင်ဆိုင်ထားတဲ့ Meizu ဟာသူတို့ရဲ့နောက်ထပ် model သစ်တသ်မျိုးကိုထုတ်လုပ်လိုက်ပြန်ပါပြီ။ တန်ဖိုးနည်းပြီးလူကြိုက်များတဲ့ Meizu ဟာ RAM 4GB နဲ့သူတို့ရဲ့ MX6 ဆိုတဲ့ဖုန်းတစ်လုံးကိုထပ်မံမိတ်ဆက်ပေးလိုက်ပြီ ဖြစ်ပါတယ်။ MX6 ဟာ RAM 4GB ပါဝင်ပြီး deca-core MediaTek Helio X20 ကိုအသုံးပြုထားတဲ့ processor အမြင့်စားဖုန်းတစ်လုံးဖြစ်ပါတယ်။ deca-core MediaTek Helio X20 processor ဟာ core တစ်ခုနဲ့တစ်ခုအကြားမှာ အလုပ်လုပ်နိုင်တဲ့နှုန်းထားပေါ်မူတည်ပြီး ဖုန်းရဲ့အလုပ်လုပ်တဲ့ လုပ်ငန်းစဉ်တွေကို အမျိုးအစားခွဲခြားလုပ်ဆောင်ပေးသွားမှာဖြစ်ပတယ်။ ARM Mali-T880 graphid chip ကိုထည့်သွင်းပေးထားတာ ကြောင့် Game ဆော့သူများအတွက်အကြိုက်တွေ့စေမဲ့ ဖုန်းအမျိုးအစားလည်းဖြစ်ပါတယ်။ MX6 ရဲ့ဖုန်းမျက်နှာပြင်ပိုင်းကိုတော့ 5.5 လက်မနဲ့ဖွဲ့စည်းထားတဲ့အပြင် Full HD အမျိုးအစားမျက်နှာပြင်ကို အသုံးပြုထားပါတယ်။ 

Back camera ကတော့ 12 Megapixel ရှိပြီး Exmor RSIMX 386 ဆန်ဆာကိုပါ ထည့်သွင်းအသုံးပြုထားတာဖြစ်ပါတယ်။ သူ့ရဲ့ USB type ကိုတော့ USB type C အသုံးပြုထည့်သွင်းထားတာ ကြောင့် PC နဲ့ data အကူးအပြောင်းလုပ်တဲ့အခါ မြန်ဆန်မှု့ရှိစေမှာဖြစ်ပါတယ်။ Battery ပိုင်းမှာဆိုရင်လဲ အသုံးပြုထားတဲ့ RAM တွေ processor တွေအတွက်ကောင်းကောင်းအလုပ်လုပ်နိုင်အောင် 3060 mAh ကို ထည့်သွင်းပေးထားပါတယ်။ အရောင်အမျိုးအစားကတော့ Gray, Silver, Champagne Gold, Rose Gold ဆိုပြီးရရှိနိုင်မှာဖြစ်တဲ့အပြင် FingerPrint ပါပါဝင်တဲ့ဖုန်းတစ်လုံးဖြစ်ပါတယ်။ 

ဈေးနှုန်းအနေနဲ့ဆိုရင်တော့ ဒေါ်လာ ၃၀၀ ( မြန်မာငွေ ၃၆၀,၀၀၀ ) ခန့်ကျသင့်မှာဖြစ်ပြီး တရုတ်နိုင်ငံမှာ July 30 ရက်နေ့ကနေစတင်ရောင်းချသွားမှာ ဖြစ်ပါတယ်။

 refer – gadgets.ndtv.com
 အဆင်ပြေပါစေ။ 

 Warmly Welcome