Samsung Galaxy S6 ရဲ့ EFS Partition ကို Backup/Restore လုပ်လို့ရမယ့် Tool [Download]
Samsung Galaxy S6 တွေကို မကြာခင်မှာဈေးကွက်ထဲမှာစတင်ရောင်းချတော့မှာပါ။ ဖုန်းကို ကလိရင်း ROM တွေပြောင်းတင်လို့ နဂိုမူရင်း EFS Partition data တွေပျက်သွားတာမျိုးမဖြစ်ရအောင် Samsung Galaxy S6 ရဲ့ EFS Partition ကို Backup/Restore လုပ်လို့ရမယ့် Tool လည်းထွက်ရှိလာပါတယ်။
EFS Partition ထဲမှာIMEI number, WiFi and Bluetooth Mac address, Radio signal info နဲ့ Network နဲ့ဆိုင်တဲ့အခြားအချက်အလက်တွေကိုသိမ်းဆည်းထားပါတယ်။ ဒါကြောင့် ကိုယ့်ဖုန်းမှာမူရင်းပါတဲ့ EFS Partition ကို Backup လုပ်ထားခြင်းဖြင့် နောက်ပိုင်း ဖုန်းမှာ EFS Partition ပိုင်းနဲ့ပတ်သက်လို့တစ်ခုခုဖြစ်ရင် Backup လုပ်ပြီးသိမ်းထားခဲ့တဲ့ EFS Partition ကိုပဲ ဒီ Tool လေးအသုံးပြုပြီး ပြန်လည် Restore လုပ်လိုက်ရုံပါပဲ။