ဒေတာသုံးစွဲမှုသက်သာစေရန်အတွက် နည်းလမ်းများ
ဒေတာသုံးစွဲမှုသက်သာစေရန်အတွက် နည်းလမ်း
လေးတွေကိုရေးသားဖော်ပြပေးလိုက်ပါတယ်ခင်ဗျ
အရင်က MPT အင်တာနက်သုံးရင် Data တွေတက်လဲဂရုစိုက်စရာမလိုပါဘူး သူကမိနစ်နဲ့ဘေဖြတ်တာမလို့ပါ။ အခုဆိုရင်
အော်ရီဒူး တို့ တယ်လီနော်တို့က data plan နဲ့
ဘေဖြတ်တာဖြစ်တဲ့အတွက် ဒေတာသုံးစွဲမှု့များ
ရင်များသလို ဘေလဲဖြတ်တာများပါတယ် ဒါကြောင့် မိမိဖုန်းမှ ဒေတာသုံးစွဲမူ့ရှော့ချရန်လိုအပ်
လာပါတယ် ကုန်ကုန်ပြောရရင်တော့ဗျာ ဖုန်းဘေ
မတက်အောင် ထိန်းသိမ်းရတာပေါ့ဗျာ...
အောက်ပါအတိုင်းသာလိုက်လုပ်ပေးလိုက်ပါခင်
ဗျာ ဖုန်းဘေသက်သာလာပါလိမ့်မယ်ခင်ဗျ...
ဒေတာသုံးစွဲမှုသက်သာစေရန်အတွက် မိမိ မကြည့်လိုတဲ့ Facebook မှ ဗွီဒီယိုများအလိုအလျှောက် auto play ဖြစ်ခြင်းကို settings မှတဆင့် အောက်ပါအတိုင်းပြုလုပ်ပြီး ချိန်ညှိနိုင်ပါတယ်။
Facebook app ကိုဖွင့်ပါ
Settings ကို နှိပ်ပါ"Help & Settings" မှ App Settings ကို နှိပ်ပါVideo Auto-play ကို နှိပ်ပါ (iPhone နှင့် iPad တို့အတွက် Videos ကို နှိပ်ပြီး Auto-Play ကို ရွေးပါ)"wi-fi only" သို့ "off" နှစ်သက်ရာကို ရွေးပါ။
မိုဘိုင်းဒေတာအသုံးပြုမှုလျှော့ချပေးနိုင်မည့် နည်းလမ်း (၄) ခု
၁) GPS နှင့်ဆက်စပ်သော applications များကို ပိတ်ထားပါ၊
၂) အင်တာနက်မှ ဗွီဒီယိုကြည့်ခြင်း၊ သီချင်းနားထောင်ခြင်းကဲ့သို့ ဒေတာအမြောက်အများအသုံးပြုမှုများကို မဖြစ်မနေလိုအပ်မှသာ မိုဘိုင်းအင်တာနက်ဖြင့်သုံးပါ
၃) Data Manager Application များ install လုပ်ပြီး သုံးစွဲပါ။ (ဥပမာ - Onavo Count၊ Onavo Extend၊ My Data Manager)
၎) Lightweight Browser များ ပြောင်းလဲသုံးစွဲပါ။
(ဥပမာ - Chrome Beta၊ Opera Mini၊ TextOnly)Here are the 4 vital tips to avoid excessively high mobile data usage: 1) Turn off GPS Navigational Applications2) Only stream content when necessary (such as streaming online video, music,etc.,)3) Installing a third-party data manager (such as Onavo Count, Onavo Extend, My Data Manager,etc.,)4) Switch to a Lightweight Browser (such as Chrome Beta, Opera Mini, TextOnly,etc.,)
များသောအားဖြင့် အလိုအလျှောက် application updates တွေ၊ မဖွင့်ထားသော်လည်း background data အသုံးပြုမှုတွေ ရှိနေတာကြောင့် မိမိအသုံးပြုတာထက် ပိုမိုကျသင့်နေတတ်ပါတယ်။ ဒီလိုမဖြစ်အောင်ဆိုရင်တော့
၁) မိမိ၏ Google Play Store ရဲ့ Menu Settings ကိုသွားပြီး Play Store App Menu > Settings > Update over wifi only ကို ရွေးချယ်ပေးလျှင် wifi ဖြင့်အသုံးပြုမှသာ applications များကို အလိုအလျှောက် updates လုပ်ပေးမှာ ဖြစ်ပါတယ်။
၂) Background data သုံးစွဲမှုကို ကန့်သတ်ရန် ဖုန်း၏ settings ကိုသွားပြီးSettings –> Wireless & Networks –> Data Usage -> Restrict background data ကို ရွေးချယ်ပေးလျှင် wifi ဖြင့်အသုံးပြုမှသာ applications များ ပြန်လည် အလုပ်လုပ်မှာ ဖြစ်ပါတယ်။
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
https://www.facebook.com/pages/Myanmar-ITAPP/553151438053594
ယခုလို ပိုစ့်အသစ်တင်တိုင်း မိမိ Facebook မှာ ဖတ်ချင် ဒေါင်းလုပ် ပြုလုပ်
လိုပါက အောက်မှာLike ပေးခဲ့ပါ။
APK
ကျွန်တော်ဆိုဒ်ရဲ့ apk လေးပါ လိုအပ်ရင် ရယူနိုင်
ပါတယ်ခင်ဗျာ...... download here