Breaking News

Samsung မှ Galaxy E7 အမည်ရှိသောစမတ်ဖုန်းကို တရုတ်တွင် မိတ်ဆက်





 ပြီးခဲ့တဲ့ အပတ်က india market မှာ အလယ်လတ်တန်း ဖုန်း  ကိုမိတ်ဆက်ပေးပြီး
ယခုလည်း တရုတ်ဈေးကွက်မှာ E7 အမည်ရှိတဲ့ ဖုန်းကိုမိတ်ဆက်ပြသခဲ့ပါတယ်
အဆိုပါ E7 စမတ်ဖုန်း ကိုတော့  China မှာဘဲရရှိနိုင်မယ်လို့  Samsung က ထုတ်ဖော်ပြောကြားခဲ့ပါတယ်
မျက်နှာပြင် အကျယ် ၅.၅ လက်မရှိတဲ့ အဆိုပါ E7 စမတ်ဖုန်းမှာတော့
720p ရုပ်ထွက်ကိုပြသပေးနိုင်မယ့် Display ကို တပ်ဆင်ပေးထားပါတယ်
1.2 GHz Snapdragon 410 processor ကိုတပ်ဆင်ပေးထားပြီး
  RAM 2 GB  ဖုန်းတွင်းသိုလှောင်မှူ  16GB ပါဝင်မှာဖြစ်ပြီး
အကယ်လို့  Memory ကိုထပ်မံတိုးချဲ့လိုပါက Micro SD နဲ့ ထပ်မံ တိုးချဲ့ ပြီး အသုံးပြုနိုင်ပါသေးတယ်
လက်ရှိပြသထားတဲ့ E7 Model မှာတော့ Android version 4.4.4 Kikat ကိုသာ အသုံးပြုပေးထားပြီး
Lollipop ကို ထပ်မံ မြှင့်တင်နိုင်မလားဆိုတာကိုတော့
Samsung မှ အတည်ပြုပြောကြားထားခြင်းမရှိသေးပါဘူး ဒါပေမယ့်  4G Network ကိုတော့
အထောက်အပံ့ပေးနိုင်မှာဖြစ်ပြီး $320 USD တန်ကြေးရှိတဲ့2000 Yuan နဲ့ ၀ယ်ယူနိုင်ပါတယ်
Refer – Android news