Breaking News

iPhone/iPad/iPod touch များမှာ တပ်ဆင်အသုံးပြုနိုင်သော iXpand Flash Drive ထွက်ရှိလာ

iPhone/iPad/iPod touch များမှာ တပ်ဆင်အသုံးပြုနိုင်သော iXpand လို့ခေါ်တဲ့ USB Flash Drive လေးကို SanDisk ကုမ္ပဏီကနေ ထုတ်လုပ်လိုက်ပါပြီ။

ဒီ USB Stick လေးကို iPhone/Pad/Pod touch မှာတပ်ဆင်ပြီး iDevice ထဲက သီချင်း/ဗီဒီယို/ ဓာတ်ပုံများကို Stick အတွင်းသို့သိမ်းဆည်းနိုင်မှာဖြစ်သလို iXpand Flash drive ထဲမှာထည့်ထားတဲ့ သီချင်း/ဓာတ်ပုံ/ဗီဒီယိုဖိုင်များကိုလည်း iPhone/Pad/Pod touch များမှာကြည့်ရှုသိမ်းဆည်းနိုင်မှာပါ။

iXpand Flash Drive အတွင်းမှာသိမ်းဆည်းထားတဲ့ ဖိုင်များကိုလည်း ကွန်ပျူတာမှာ ပြန်လည်ကြည့်ရှုသိမ်းဆည်းနိုင်မှာပါ။

ဒီ stick လေးနဲ့တွဲဖက်အသုံးပြုဖို့ iPhone/Pad/Pod touch မှာ SanDisk iXpand Sync လို့ခေါ်တဲ့ app ကိုသွင်းထားဖို့လိုပါတယ် ။ Photographer တွေအကြိုက်တွေ့မယ့် Flash Drive လေးလို့ဆိုရရင်လည်းမှားမယ်မထင်ပါဘူး ။SanDisk iXpand flash drive လေးကို 16GB/32GB/64GB ဟူ၍သုံးမျိုးထုတ်လုပ်ထားပြီး ဈေးနှုန်းအနေဖြင့် မြန်မာကျပ်ငွေ ခြောက်သောင်း ၊ ခုနှစ်သောင်း ၊ တစ်သိန်းဝန်းကျင် ရှိမှာဖြစ်ပြီး Online ကနေဝယ်ယူလိုသူများအနေဖြင့် အောက်ပါ link မှာဝင်ရောက်ဝယ်ယူနိုင်ကြောင်းသိရပါတယ်။http://shop.sandisk.com/store/sdiskus/search/keywords.ixpand