Breaking News

အခပေး စတစ်ကာ ၁၀၀ ကျော်ကို ပြည်တွင်းမှ သုံးစွဲသူများ အခမဲ့ရယူနိုင်မည့် အထူးအစီအစဉ်ကို Viber စတင်

Viber ၏ အခပေး စတစ်ကာများကို ပြည်တွင်းမှ သုံးစွဲသူများ အခမဲ့ download ရယူနိုင်မည့် အထူး အစီအစဉ်တစ်ရပ်ကို Viber မှ စတင်လိုက်ကြောင်း၊ Viber ကို ဖုန်းဖြင့် register ပြုလုပ်ထားသော ပြည်တွင်းမှ Viber သုံးစွဲသူများ Viber ၏ ထိပ်တန်းစတစ်ကာ ၁၀၀ ကျော်ကို သတ်မှတ်ထားသော အချိန်ကာလအတွင်း အခမဲ့ ရယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

Viber ၏ ဈေးကွက်ဖော်ဆောင်ရေး အရာရှိချုပ် (CMO) Mark Hardy က “ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံက သုံးစွဲသူတွေအတွက် Viber ရဲ့ ရေပန်းအစားဆုံး အခပေး စတစ်ကာလေးတွေကို အခမဲ့ Download ရယူနိုင်အောင် စီစဉ်ပေးလိုက်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာပြည်က Viber သုံးစွဲသူတွေအနေနဲ့ မိမိတို့ရဲ့ မိသားစု၊ မိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက်၊ သူငယ်ချင်းတွေအားလုံးကို Viber ရဲ့ စွဲမက်ဖွယ်ရာ စတစ်ကာတွေ ပေးပို့ဆက်သွယ်နိုင်ပါပြီ” ဟု ပြောသည်။

Viber ၏ အခပေး စတစ်ကာများကို အခမဲ့ရယူနိုင်သည့် အချိန်ကာလအားဖြင့် သုံးပတ်မှ လေးပတ် ကြာမြင့်မည်ဖြစ်ပြီး ယင်းအချိန်ကာလအတွင်း ကန်ဒေါ်လာ ၁.၉၉ တန်ဖိုးရှိ Viber ၏ ထိပ်တန်း စတစ်ကာများကို အခမဲ့ Download ရယူနိုင်မည်ဖြစ်သည်။ 


Ref & Credit: Internet Journal