Samsung မှ Galaxy A5 နဲ့ Galaxy A3 စမတ်ဖုန်းများကို မိတ်ဆက်
စမတ်ဖုန်း ထုတ်လုပ်တဲ့ Company ကြီးတစ်ခုဖြစ်တဲ့ Samsung ဟာ ၄င်းတို့ရဲ့ Smart Phone အသစ် ဖြစ်တဲ့ Galaxy A5 နဲ့ Galaxy A3 ကိုမိတ်ဆက်လိုက်ပါတယ် ။
Samsung ဟာ အဆိုပါ စမတ်ဖုန်း Model ၂မျိုးကိုmetal body နဲ့ ထုတ်လုပ်မှာဖြစ်ပြီးရွေးချယ် စရာ အရောင် အသွေး မြောက်များစွာ ထုတ်လုပ်ပေးမှာဖြစ်ပါတယ် ။ Galaxy A5 ကိုတော့ Pearl White, Midnight Black, Soft Pink,Light Blue, Platinum Silver, နဲ့ Champagne Gold ဆိုပြီး အရောင် ၆ မျိုးဝယ်ယူနိုင်မှာဖြစ်ပါတယ် ။
ဒါပေမယ့် Galaxy A3 ကိုတော့Pearl White, Soft Pink နဲ့ Light Blue ၃ မျိုးသာရရှိမယ်လို့ပြောကြားထားပါတယ် ။Samsung Gaslaxy A5 နဲ့ A3 မှာတော့ အနည်းငယ်ကွာခြားတဲ့ Specification ကိုသာ အသုံးပြုထားပါတယ် ။
A5 မှာတော့ ၅ လက်မ qHD Super AMOLED display တပ်ဆင်ပေးထားပြီး A3 ကိုတော့၎.၅ လက်မ qHD Super AMOLED display သာပါရှိမှာပါ ။
ဒါပေမယ့် စမတ်ဖုန်း ၂ မျိုးလုံးကိုတော့ Clock speed 1.2 GHz ထုတ်လုပ်ပေးနိုင်မယ့်Snapdragon 410 quad-core processor ကိုသာ တူညီစွာ တပ်ဆင်ပေးထားပါတယ် ။
Galazy A5 မှတော့ 2GB RAM ကိုတပ်ဆင်ပေးထားပြီးA3 မှာတော့ 1GBသာပါရှိမှာပါ ။
A5 အတွက် ကျောဖက် ကင်မရာကို 13MP တပ်ဆင်ပေးထားပြီ A3 မှာတော့ 8MP သာထည့်သွင်းပေးထားပါတယ် ။
ရှေ့ဖက်ကိုတော့ 5MPတူညီစွာပါဝင်မှာပါ ။
အဆိုပါ ဖုန်း ၂မျိုးလုံးရဲ့ ဒီဇိုင်းဟာ Galaxy Alpha နဲ့ တူညီပြီး အနည်းငယ် သာကွာခြားသွားပါတယ်။အခုထွက်ရှိမယ့် Galaxy A5 နဲ့ A3 ကိုတော့ Samsung က လူငယ်တွေအတွက် ရည် ရွယ်ထုတ်လုပ်ထားတာဖြစ်ပြီး Selfie အတွက် ကောစမတ်ကျတဲ့ ဖုန်းတွေအဖြစ် ထွက်ရှိလာအုံးမှာ ဖြစ်ပါတယ် ……………….
refer: talkandroid