Breaking News

Android Sattings ထဲက Glove Mode ဆိုတာ

Glove Mode
——————–

ဒီ feature ကတော့ Note 3 ရဲ့ screen ကို လက်အိတ်နဲ့ လဲသုံးလို့ ရအောင်လုပ်ပေးတဲ့ feature ပါ ။ S4 မှာကထဲက ဒီ function ပါတယ် လို့ထင်ပါတယ် ။

ကျွန်နော်တို့ မြန်မာနိုင်ငံမှာတော့ ဒီ function ကသိပ်တော့ မလိုတော့ မလိုပါဘူး ။ တအားအေးတဲ့ ရာသီဥတု ရှိတဲ့ နိုင်ငံတွေ( ဥပမာ ဥရောပမြောက်ပိုင်း ၊ ဂျပန် ၊ ကိုးရီးယား ၊ ရုရှား ) စတဲ့ နိုင်ငံတွေ အတွက်ဖြစ်ပါတယ် ။ သူတို့ နိုင်ငံတွေက တအားအေးတဲ့ အချိန်ဆို နှင်းကလဲ ကျ လက်အိတ်က လဲ အမြဲတမ်း နီးပါး ဝတ်ထားရတော့ အဲ့ဒီ့ အချိန်မှာ လက်အိတ်နဲ့ ဖုန်းကို ကောင်းကောင်း သုံးလို့ ရအောင်လို့ လုပ်ထားတဲ့ function ဖြစ်ပါတယ် ။

ဒီ function ကို on ချင်ရင်တော့ Settings > Controls > Increase touch sensitivity > turn it on