Breaking News

China Market မှာ ကြေငြာမိတ်ဆက်လိုက်တဲ့ Honor Play 4

IFA 2014 မှာ Ascend Mate 7 နဲ့ အရည်အသွေးမြင့် ဖုန်းတွေကိုမိတ်ဆက်ပြသပေးခဲ့တဲ့ Huawei ဟာ အရှိန်မသေသေးဘဲLocal Market ဖြစ်တဲ့ China မှာ Honor စမတ်ဖုန်းရဲ့ မျိုးဆက်သစ်ကို မိတ်ဆက်ပြသပေးခဲ့ပါတယ်။ အဆိုပါစမတ်ဖုန်းကိုHonor Play 4 လို့ခေါ်ဆိုပြီး Mid-range အနေနဲ့ ထုတ်လုပ်သွားမှာဖြစ်ပါတယ် ။

Honor Play 4 မှာတော့ ၅လက်မမျက်နှာပြင် တပ်ဆင်ပေးထားပြီး 720×1280 (720p) HD ရုပ်ထွက်ကို ရရှိမှာဖြစ်ပါတယ်။ Snapdragon 410 64-bit Quad-coreProcessor ကို အသုံးပြုပေးထားပြီး RAM ကို 1GB ထိထည့်သွင်းပေးထားတာ
ကြောင့် mid-range ဖုန်းတွေထဲမှာတော်တော်ကောင်းမွန်တဲ့ Specification ကို အသုံးပြုထားတာကို
တွေ့ရှိရမှာဖြစ်ပါတယ်။

ဖုန်းတွင်းသိုလှောင်မှုအနေနဲ့ကတော့ 8GB သာပါဝင်မှာဖြစ်ပြီး ဖြုတ်နိုင်တပ်နိုင်တဲ့ 2000 mAh နဲ့ ထွက်ရှိလာမှာပါ ။

Camera ကိုတော့ အကောင်းဆုံး ရုပ်ထွက်တွေကိုဖမ်းယူမှတ်တမ်းတင်ပေးနိုင်တဲ့ အရည်အသွေးမြင့် 8MP ကိုတပ်ဆင်ပေးထားပြီး ရှေ့ဘက် အတွက်ကတော့ 2MP Cameraကိုတပ်ဆင်ပေးထားပါတယ် ။

Huawei G630 ပုံစံမျိုးထုတ်လုပ်ထားကာ Dual-sim အမျိုးအစားဖြစ်ပြီးNFC လည်းပါဝင်ကာ 4G Lte ကို အထောက်အပံ့ ပေးထားပါတယ်။အဆိုပါ အရည်အသွေးကောင်းမွန်လှတဲ့ Honor Play 4 ကို တရုတ်ငွေ ယွမ် ၇၉၉ နဲ့ ရောင်းချပေးမှာဖြစ်ပြီးUS $ 130 သာကျသင့်မှာဖြစ်ပါတယ် ။ ကောင်းမွန်တဲ့ အရည်အသွေးချိုသာတဲ့ ဈေးနှုန်းနဲ့ စွမ်းဆောင်ရည်မြင့် Honor Play 4စမတ်ဖုန်း မြန်မာပြည်ဈေးကွက်ကို ဘယ်လိုထိုးဖောက်လာမလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ် . . . . ..


Refer: Talkandroid