Breaking News

Huawei G610-U00 VideoCall & Myanmar Font Flashtool Firmware

( သိပြီးရင်လည်း ကျော်သွားပါ ။ လိုချင်ရင်လည်း ဒေါင်းသွားပါ။ )Huawei G610 အတွက် Video Call ရော မြန်မာစာဖောင့်ရော ပါတဲ့ Flashtool Firmware လေး ဖြစ်ပါတယ်။

ဒီ Firmware လေးကိုတော့ S4 Rom ကိုပြန်ပြီးတော့ ပြင်ထားတာ ဖြစ်ပါတယ်။ S4 Rom ကိုတင်မယ်ဆိုရင်တော့ မိမိရဲ့ 610 ဖုန်းဟာ cwm တင်ထားတာတောင်မှ ပေးပြီးတော့ သွင်းမရတာတွေရှိပါတယ်။

ဒီ Flashtool Firmware လေးကိုတင်လိုက်ရင် Gesture sensingတွေလည်းအလုပ်လုပ်ပါလိမ့်မည်။

Gallery ထဲက ဓါတ်ပုံတွေကိုလည်း လက်နဲ့ရွှေ့စရာ မလိုဘဲ လေပေါ်ကနေ ကျော်လို့ရခြင်း ၊ ဓါတ်ပုံရိုက်ချင်ရင်လည်း
ကင်မရာကို နှိပ်စရာမလိုဘဲနဲ့ လက်ကလေးနဲ့ အချက်ပြလိုက်တာနဲ့ အော်တိုရိုက်ပေးသွားမှာ ဖြစ်ပါတယ်။

ပြီးတော့ music ဖွင့်ရင်းနဲ့ နောက်တစ်ပုဒ်ကျော်ချင်ရင်လည်း next ကို နှိပ်စရာမလိုဘဲ လက်ကလေး ဝှေ့ယမ်းလိုက်တာနဲ့အော်တို ကျော်ပေးသွားမှာ ဖြစ်ပါတယ်။

error ကတော့ internal memory0B ဖြစ်သွားပါလိမ့်မည်။ ပြောရမယ်ဆိုရင် ဒီ Flashtool Firmware ကိုတင်လိုက်ရင် internal memory
အလုပ်မလုပ်တော့ပါဘူး။

sd card ထပ်စိုက်မှ အဆင်ပြေပါလိမ့်မည်။ ဒီ Flashtool Firmware တင်ပြီးလို့ မကြိုက်ရင်လည်းofficial firmware ပြန်ရေးလို့ရပါတယ်။

ကျန်တာတွေကတော့ ဘာ error မှ မရှိပါဘူး။ Ooredoo sim card ရယ် GSM/WCDMA Sim Card ရယ် နှစ်ခုစလုံးထည့်ထားပြီး 3G ကွန်ယက် အလုပ်လုပ်ပါတယ်။ စမ်းသပ်သုံးချင်သူများအတွက်တင်ပေးလိုက်ပါတယ်။

•G610-U00 VideoCall & Myanmar
Font FlashtoolFirmware.zip

Credit ; Aung Min Han