Breaking News

Android ဖုန်းတွေအတွက် နားကြပ်တပ်လိုက်တာနဲ့ Music Apps များကိုအလွယ်တကူဖွင့်လို့ရစေမယ့် Headset Menu app

ဒီနေ့ခေတ်မှာမတူညီတဲ့ စွမ်းဆောင်ချက်တွေပါတဲ့ Music App များစွာရှိသလိုအင်တာနက်မှ သီချင်းထုတ်လွှင့်ပေးတဲ့ ၀န်ဆောင်မှုများရဲ့ App များလည်းများစွာထွက်ရှိနေတဲ့အတွက် သင့်ဖုန်းမှာ Music နဲ့ ပတ်သက်တဲ့ App များစွာရှိနေမှာပါ။ သီချင်းနားထောင်ဖို့ နားကြပ်တပ်ပြီးရင် Music App ကိုလိုက်ရှာဖွင့်ရတာအလုပ်ရှုပ်ပါတယ်။ နားကြပ်တပ်လိုက်တာနဲ့ Music App များကို ပြသပေးပြီး နှစ်သက်ရာ App ကို လျှင်မြန်စွာရွေးချယ်ချင်ရင် Headset Menu ကိုသုံးနိုင်ပါတယ်။ App က နားကြပ်တပ်လိုက်တာနဲ့ Notification Bar မှာသင်ရွေးချယ်ထားတဲ့ Music App များကို Menu အနေနဲ့ ပြသပေးမှာပါ။ Music App များစွာသုံးသူများအတွက် အဆင်ပြေစေမှာ ဖြစ်ပါတယ်။ Music App များသာမကဘဲ YouTube နဲ့ ဘရောက်စာကနေသီချင်းနားထောင်ချင်သူများအတွက်လည်း Menu ထဲမှာထည့်သွင်းနိုင်ပါတယ်။App ကိုအင်စတောလုပ်ပြီးရင် Headset Menu မှာထည့်သွင်းချင်တဲ့ App များကိုရွေးချယ်ရမယ့် စကရင်ကိုရောက်သွားပါလိမ့်မယ်။ Music Apps များနဲ့ YouTube , Browser လို App များရဲ့ ညာဘက်ဘေးမှ Checkbox မှာအမှန်ခြစ်ပေးပါ။ Soundcloudကိုလည်းထည့်သွင်းနိုင်ပါတယ်။ ပြီးရင်တော့ နားကြပ်တပ်လိုက်တာနဲ့ Notification Bar မှာသင်ရွေးချယ်ထားတဲ့ App များကိုတွေ့နိုင်ပါတယ်။ သုံးချင်တဲ့ App ကိုတစ်ချက်နှိပ်ပါ။ Lock Screen မှာလည်း Headset Menu ကို ပြသပေးမှာပါ။

App ရဲ့ ညာဘက်အပေါ်ထောင့်မှ အစက်သုံးစက်ကို နှိပ်ပြီး Settings ထဲသွားနိုင်ပါတယ်။ Ignore Bluetooth headsets မှာအမှန်ခြစ်ပေးရင် Bluetooth headset တပ်ဆင်ချိန်မှာသင်ရွေးချယ်ထားတဲ့ Apps များကို Notification Bar မှာ ပြသပေးမှာမဟုတ်ပါဘူး။ နောက်ပြီးDefault အားဖြင့်တော့ နားကြပ်တပ်မှသာ Headset Menu ကို ပြပေးမှာပါ။ နားကြပ် မတပ်ထားရင်လည်း Menu ကိုအသုံးပြုချင်ရင် Always show notification မှာအမှန်ခြစ်ပေးပါ။ Headset မတပ်ထားတဲ့အချိန်မှာတောင် App များရဲ့ Widget ကို ပြသပေးစေချင်ရင် Always show widget မှာအမှန်ခြစ်ပေးပါ။

Headset Menu ဟာသင့်နားကြပ်အတွက် App Launcher တစ်ခုလို့ ပြောလို့ရပါတယ်။ နားကြပ်နဲ့ သီချင်းနားထောင်လေ့ရှိသူများအတွက် နှစ်သက်ရာ Music App ကို လျှင်မြန်စွာရွေးချယ်နိုင်မှာပါ။Handset Menu App ကိုအောက်က link မှာရယူနိုင်ပါတယ်။

Handset Menu app Download Link