Breaking News

ပြည်တွင်း၌ 4G LTE မိုဘိုင်းဖုန်းအသုံးပြုမှုတွင်ကျယ်လာချိန်တွင်သာ 4G ကွန်ရက်ကို ဝန်ဆောင်မှုပေးရန် Telenor Myanmar စီစဉ်

နော်ဝေဆက်သွယ်ရေးကုမ္ပဏီက 4G ကွန်ရက် ဝန်ဆောင်မှုကို မိုဘိုင်းဖုန်းသုံးစွဲသူ အများပြည်သူသို့ ပေးသွားရန်ရှိပြီး လာမည့် စက်တင်ဘာတွင် ရောင်းချမည့် ဆင်းမ်ကတ်များ၌ အဆိုပါဝန်ဆောင်မှု ပါဝင်ဦးမည်မဟုတ်သေးကြောင်း ယင်းကုမ္ပဏီ၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Telenor Myanmar ဆက်သွယ်ရေးကုမ္ပဏီသည် ပြည်တွင်း၌ 4G LTE မိုဘိုင်းဖုန်းများ အသုံးပြုမှု များပြားလာသည့်အချိန်တွင်သာ အဆိုပါ 4G ကွန်ရက်ကို အများပြည်သူသို့ ပေးသွားမည်ဖြစ်သည်။

၂၀၁၄ စက်တင်ဘာတွင် စတင်ရောင်းချမည့် Telenor ဆင်းမ်ကတ်များတွင် 2G နှင့် 3G စနစ်များသာ ပါဝင်လာမည်ဖြစ်ကြောင်း သိရသည်။



Ref:Internet Journal