Breaking News

တစ်မိနစ် ၂၅ ကျပ်နဲ့ဖုန်းခေါ်နိုင်မယ့် MPT ရဲ့ဝန်ဆောင်မှုအသစ်

-မြန်မာနိုင်ငံမှာ ဆက်သွယ်ရေး Operator သစ်ဖြစ်တဲ့ Ooredoo နဲ့ လက်ရှိ Operator ဖြစ်တဲ့ MPT ကတော့ Promotion အစီအစဉ်မျိုးစုံနဲ့ ပြည်သူတွေကြားကိုထိုးဖောက်လာနေပါပြီ။ Telenor ကတော့ သူ့ရဲ့အစီအစဉ်တွေကို အခုထိပြင်ပကိုချပြခြင်းမရှိသေးပါဘူး။အခု MPT ကနေ MPT ရဲ့မိုဘိုင်းဖုန်းကိုင်ဆောင်သူများကို တစ်မိနစ် ၂၅ ကျပ်နဲ့ ဖုန်းခေါ်ဆိုနိုင်မယ့် အစီအစဉ်သစ်ကိုချပြလိုက်ပြန်ပါတယ်။ ဒီအစီအစဉ်မှာတော့မိမိနဲ့အမြဲဖုန်းပြောဖြစ်တဲ့ ဖုန်းနံပါတ်သုံးခုကို ဖုန်းနံပါတ် ၁၃၃၁ ထံသို့ Message ပို့စာရင်းသွင်းထားရမယ်လို့ဆိုပါတယ်။ Message ပို့ရမယ့်ပုံစံကတော့

ဥပမာ – ADD 095888999

အထက်ပါပုံစံအတိုင်း Message တစ်စောင်ပေးပို့ပြီးတိုင်း “Success ! You can call 095888999 for 25 kyats/min until 2014-8-31″ ဆိုတဲ့ Message ကိုအသုံးပြုသူဘက်က လက်ခံရရှိမယ်လို့သိရပါတယ်။

Message သုံးစောင်အထိပေးပို့နိုင်ပြီဖြစ်ပြီး ဖုန်းနံပါတ်သုံးခု (Message သုံးစောင်) ထက်ကျော်လွန်သွားပါက “Sorry you have exceeded friend list ,you can add only 3 friends..” ဆိုတဲ့ Message ကို အသုံးပြုသူမှလက်ခံရရှိမယ်လို့ သိရပါတယ်။

မိမိ အနေဖြင့် မည်သည့်နံပါတ်သုံးခုကို Message ပေးပို့ခဲ့သည်ကို ပြန်လည်စစ်ဆေးလိုပါက ဖုန်းနံပါတ် ၁၃၃၁ သို့ VIEW ဟူသော Message ရိုက်ပြီး ပေးပို့ရပါမည်။ အသုံးပြုသူဘက်မှ “Your friend list is= 094111222 092561238 0940261139 ” စသဖြင့် ကိုယ် သတ်မှတ်ထားခဲ့သော ဖုန်းနံပါတ် စာရင်းကို Message အနေဖြင့်ပြန်လည်လက်ခံရရှိပါမည်။

စာရင်းသွင်းထားသော ဖုန်းနံပါတ်ကို အခြားဖုန်းနံပါတ်တစ်ခုခုဖြင့် အစားထိုးပြောင်းလဲလိုပါက MODIFY (ပေးပို့ပြီးဖုန်းနံပါတ်) (အစားထိုးမည့်ဖုန်းနံပါတ်အသစ်) တို့ကိုရိုက်ပြီး ဖုန်းနံပါတ် ၁၃၃၁ သို့ Message ပေးပို့ရမည်လို့သိရပါတယ်။

ဥပမာ- MODIFY 094111222 094777888

အသုံးပြုသူဘက်မှ “Number 094777888 is now your new friend list” ဟူသည့် Message ကိုလက်ခံရရှိပါမည်။

ယခုဝန်ဆောင်မှုအစီအစဉ်ကို အသုံးပြုမည်ဆိုပါက ဖုန်းထဲတွင်ရှိသော ငွေလက်ကျန်ထဲမှာ ၂၅၀၀ ကျပ်ကို ၀န်ဆောင်ခအနေဖြင့်နှုတ်ယူသွားမည်ဟုဆိုသည်။

ဒီအစီအစဉ်ကို ကိုယ့်ဖုန်းမှာစတင်အသုံးပြုသည့်အချိန်မ
ှစ၍ ရက်ပေါင်းသုံးဆယ်တိတိအသုံးပြု
နိုင်မယ်လို့သိရပါတယ်။

လောလောဆယ်တွင် GSM/WCDMA ဖုန်းများတွင်သာ တစ်မိနစ် ၂၅ ကျပ် ဖုန်းနံပါတ်သုံးခု အစီအစဉ်ကို အသုံးပြုနိင်
သေးပြီး CDMA ဖုန်းများအတွက်လည်း မကြာခင် အသုံးပြုနိုင်မည်ဟုသိရသည်။