Autorun ဆိုတာဘာလည်း?
နည်းပညာစတင်လေ့လာသူများအတွက်
ရည်ရွယ်ပြီးဖော်ပြပေးတာဖြစ်ပါတယ်ခင်ဗျာ
သိပြီးသား Pro များ ကျော်သွားပါ။
Autorun ဆိုတာကတော့ လွယ်လွယ်ပြောရရင်Program တစ်ခုကို အလိုအလျောက်လုပ်ဆောင်နိုင်ရန် ရေးထားသော ဖိုင်တစ်ခုဖြစ်ပါတယ်။
ဥပမာ A.exe ဆိုသော Program ကို USB သို့မဟုတ်CD/DVD တို့မှ ကွန်ပျူတာသို့ချိတ်ဆက်လိုက်သောအခါ ၄င်း Device များထဲမှ အသက်ဝင်စေချင်
သော ဖိုင်များကို အကြမ်းဖျဉ်း‘Open=A.exe” ဆိုပီး ရေးသည့်အတွက်ကြောင့်
ကွန်ပျူတာမှ Autorun Services ဖွင့်ထားသည့်အခါ အလိုအလျှောက်လုပ်
ဆောင်နိုင်ပါတယ်။
အဲဒီ Autorun ဖိုင်တွေထဲမှာမှ
[autorun]
icon=CZ442.ico
label=z@Rn1
open=A.exe
action=Click ok to run ptach update for windows
shell\open\command=A.exe
[OR]
shell=start
shell\start\command=path/A.exe
shell\start=Run Applicationshell\read\command=notepad.exe files/
readme.txt shell\read=open readme.txt စဖြင့် Shell command များဖြင့်တွဲရေးထားတာမျိုးတွေလည်းရှိပါတယ်။ဒီတော့ ဆိုလိုချင်တာက မည်သည့် Viurs မဆို သူတစ်ဦးတည်းတစ်ယောက်တည်း (ဗိုင်းရပ်စ) က ဘယ်လိုမှ မလုပ်ဆောင်နိုင်ပါဘူး…သူ့ကို (ဗိုင်းရပ်စ်) အသက်ဝင်ဖို့အတွက် ၄င်းဗိုင်းရပ်စ်ဖိုင်နဲ့
၎င်းAutorun File နှစ်ခုကို တစ်တွဲတည်း
ထားမှ (ကွန်ပျူတာအတွင်း Autoplay Policy မှာလည်း Autorun Serivces ပွင့်နေရမှာဖြစ်ပါတယ်။)
USB/CD-DVDDevices များမှတဆင့် ကွန်ပျူတာကိုချိတ်ဆက်လိုက်သောအခါမှာအလိုအလျောက်လုပ်ဆောင်မှာဖြစ်ပါတယ်။အဆုံးသတ်ဆိုလိုရင်းကိုပြောရသော်
ကွန်ပျူတာအသုံးပြုသူတိုင်း မိမိကွန်ပျူတာမှာ Group Policy Editor ထဲမှAutorun Services ကိုပိတ်ထားသင့်ပါတယ်။
ဒါမှလည်း သင့်စက်ထဲကိုသင်ကိုယ်တိုင်က ဗိုင်းရပ်ကို Double Click မနှိပ်မချင်း သင့်စက်ထဲသို့ဗိုင်းရပ်ဝင်နိုင်ဖို့အခြေအနေက ၂၅% နှုန်းလောက်သာရှိပါမယ်။