Android ဖုန်းတွေ Power စဖွင့်တာနဲ့ အဆင့်ဆင့် ဘယ်လို အလုပ်လုပ်သလဲ ?
ပထမအဆင့်Power စဖွင့်တာနဲ့ ROM ထဲမှာရှိတဲ့ Boot ROM Code က စပီးအလုပ်လုပ်ပါတယ်၊ Boot ROM Code လုပ်တဲ့အလုပ်က Bootlaoder ကို RAM ထဲကို ၀န်တင်တယ်၊ RAM ထဲရောက်တဲ့ Bootloader စတင်အလုပ်လုပ်တယ်၊ဒုတိယ အဆင့်Bootloader ဆိုတာ Software Program သေးသေးလေးပါ၊ သူ့ထဲမှာ ကုတ်တွေရေးထားတယ်၊ အဲ့ဒီ့ကုတ်တွေက Bootloader လုပ်မယ့် အလုပ်ဖြစ်တဲ့ ညွန်ကြားချက်တွေပါ၊ Bootloader စတင်အလုပ်လုပ်တဲ့ အခါမှာ အဆင့် နှစ်ဆင့် နဲ့ အလုပ်လုပ်ပါတယ်၊ ပထမအဆင့်က Network, Memory တို့လို လိုအပ်သမျှ Program တွေ အားလုံးကို External RAM ထဲကို ၀န်တင်ပါတယ်၊ ဒုတိယ အဆင့်မှာတော့ Kernel စတင် အလုပ်လုပ်ဖို့လိုအပ်တဲ့ Network နဲ့ Memory တို့ကို စတင်စေပါတယ်၊ ဒီဆင့်ကဲဖြစ်စဉ်နှစ်ခုကို ဖြစ်ပေါ်စေတာက init.S ဆိုတဲ့ Stack တွေခွဲခြားတဲ့ဖိုင်ပါ၊ သူက Stacks တွေကို ခွဲထုတ်ပီး BSS Segments တွေကို 0 ကနေစတင်စေတယ်၊ ပီးတော့ main.c ဖိုင်ထဲက _main() funciton ကိုခေါ်တယ်၊ _main() Function က Hardware အစိတ်အပိုင်းတွေဖြစ်တဲ့ Clock,borad,keyboard,console တို့ကို စတင်တယ် အဓိက ဖြစ်တဲ့ Linux Tag ကိုဖန်တီးတယ်၊ Linux Tag က linux kernel image ကို RAM ပေါ်မှာ ၀င်တင်ပီးတော့ စတင်အလုပ်လုပ်စေတယ်၊တတိယအဆင့်Kenel စတင်အလုပ်လုပ်ပီဆိုတာနဲ့ System စတင်တဲ့အလုပ်တွေဖြစ်တဲ့ cache, protected memory, scheduling နဲ့ Drivers ၀င်တင်ခြင်းတွေကိုစလုပ်တယ်၊ ပီးရင် System File ထဲက 'init' ဖိုင်ကိုရှာပီး System စတင်ဖို့အတွက် root process ကိုစတင်တယ် ။
(ဆက်လက်လေ့လာရန်)
ကျွန်တော် ဒီpost ကို အချိန်မရတော့လို့
pdf ဖိုင်အနေနဲ့ တင်ပေးလိုက်ပါတယ်
ဒေါင်းယူချင်ရင် အောက်က လင့်မှာ ဒေါင်းယူနိုင်ပါတယ်ခင်ဗျာ.....
ဒေါင်ရန် >>>> CLICK HERE