Breaking News

ခံစာချက်တွေမိုးကောင်းကင်ပေါ်သို့ လွင့်တင်လိုက်ရအောင်

“ဆုတောင်း” ဆိုတဲ့ Android app လေးတစ်ခုထွက်ရှိလာပါတယ်။

ဒါက ဘာ application လေးလဲလို့ သင်စူးစမ်းမိပါလိမ့်မယ်။

-ကျွန်တော်တို့ရင်ထဲမှာမွန်းကျပ်နေတာတွေရှိသလား။

-ဘယ်သူ့ကိုမှပြောလို့မရတဲ့အရာတွေရှိသလား။

-စိတ်ထဲမှာဖြစ်ချင်နေတာ၊ တောင့်တမိနေတာတွေရှိသလား။

-စိတ်ကူးတိုင်းသာဖြစ်မယ်ဆိုရင် ဆိုတဲ့ ရည်ရွယ်ချက်မျိုးတွေရှိလား။

-တစ်စုံတစ်ယောက်အတွက် တိတ်တိတ်လေး ဆုတောင်းပေးနေချင်တာမျိုးရှိလား။

-ဆုတောင်းချင်တဲ့စိတ်မပေါ်မိဘူးလား…

-ပုလင်းလေးတစ်လုံးထဲ ကိုယ်ဖြစ်ချင်တဲ့ဆန္ဒကို ရေးပြီး ပင်လယ်ထဲမျှောဖူးသလား။

-ပုလင်းလေးလည်းမလိုပါဘူး။

-စာရွက်လေးလည်းမလိုပါဘူး..မိတ်ဆွေတင်လိုက်တဲ့ စာလေးတစ်ကြောင်းဟာ.. ကောင်းကင်ထဲမှာမျောနေမယ်။ Application သုံးနေတဲ့ဘယ်သူမဆိုမြင်နိုင်မယ်။အားလုံးမြင်ရမယ်။ ဒါပေမယ့် ကိုယ်တင်လိုက်တဲ့ဆုတောင်းစာကို ဘယ်သူတင်လဲဆိုတာတော့မြင်ရမှာမဟုတ်ဘူး။ဒါကြောင့်သင့်ရဲ့ဆန္ဒကို လွတ်လွတ်လပ်လပ် ဆုတောင်းခွင့်ရှိတယ်လို့ဆိုပါတယ်။ယုံကြည်ပြီးဆုတောင်းရင်…. တစ်နေ့နေ့မှာ…မိတ်ဆွေတို့ဆန္ဒပြည့်ပါ့လိမ့်မယ်။(ဒါပေမယ့်ချွင်းချက်အနေနဲ့ အများအမြင်မှာမသင့်တော်သော ဆုတောင်းများ၊နှောင့်ယှက်စာများကိုတော့တားဆီးဖယ်ရှားပါမယ်လို့ Developer “Ko Nyein Chan KoKo” ကရေးသားထားပါတယ်။)

ဆုတောင်း(Wish) v1.4 for Android ကိုအောက်က link မှာရယူနိင်ပါတယ်။

ဆုတောင်း(Wish) v1.4 for Android အားရယူရန

[ ဒီမှာလဲရယူနိုင်ပါတယ်ခင်ဗျာ.....]