Apple နှင့် Samsung တို့က၎င်းတို့၏ Fingerprint နည်းပညာကို တက်ဘလက်တွေမှာထည့်သွင်း
နာမည်ကြီးဖုန်းကုမ္ပဏီနှစ်ခုဖြစ်သည့်
Apple နှင့် Samsung တို့က၎င်းတို့၏ လူကြိုက်များတဲ့နည်းပညာတစ်ခုဖြစ်သည့် Fingerprint (လက်ဗွေရာစနစ်) နည်းပညာကိုဖုန်းတွေတင်မကပဲတက်ဘလက်တွေထဲမှာတောင်ထည့်သွင်း လုပ်ဆောင်သွားမည့်အစီအစဉ် ရှိနကြောင်းသိရသည်။
ယင်းစနစ်ကို Samsung ကစတင် လုပ်ဆောင်ဖို့စီစဉ်လျက်ရှိပြီး၎င်း၏ တက်ဘလက်တစ်လုံး ဖြစ်သည့် Galaxy Tab S တွင်ပါရှိလာဖွယ်
ရှိသည်ဟုသိရသည်။
PayPal ၊ Moblie Payments နှင့်အခြားသောစနစ်များတွင် Fingerpint စနစ်ဖြင့် Lock ချထား နိုင်အောင်
တက်ဘလက်အတွက်လုပ်ဆောင်သွားမည် ဟုမျှော်လင့်လျှက်ရှိသည်။
ယင်းကဲ့သို့ Samsung ကတက်ဘလက်မှာ Fingerprint စနစ်ထည့်သွင်း ရန်လုပ်ဆောင်နေစဉ်မှာပင်၎င်း၏ပြိုင်ဘက်
်ဖြစ်သော Apple ကလည်း Apple iPad တွင်အဆိုပါစနစ်ကိုထည့်သွင်းသွားမည်ဟုပြောဆိုလိုက်သည်။
ယင်းစနစ်ကို Apple ရဲ့နောက်ပိုင်းထွက်တက်ဘလက်တွေမှာရရှိ မှာဖြစ်ကြောင်းသိရပြီး ယင်းသတင်းကြောင့်Appleနှင့်Samsung
တို့၏ တိုက်ပွဲဟာစမတ်ဖုန်းတွင်မကပဲ
တက်ဘလက်အထိပါပါဝင်လာတော့မည့် အခြေအနေမှာရှိသည်ဟုသိရသည်။
တက်ဘလက်ဈေးကွက်၏ ၃၂.၆ရာခိုင်နှုန်းကို Apple ကပိုင် ဆိုင်းထားပြီး Samsung က တော့ယခင် ၂၂.၃ရာခိုင်နှုန်းကနေ ၃၂ရာခိုင်နှုန်းအထိမြင့် တက်လာလျက်ရှိသည်။ လက်ရှိမှာApple ရဲ့တက်ဘလက်ဈေးကွက်က
အရင်ကထက်အနည်းငယ် ကျဆင်းလာ
တဲ့အတွက်အနာဂတ်မှာ Samsung ကတက်ဘလက်ဈေး ကွက်ကိုလက်ဝါး
ကြီးအုပ်သွားနိုင်မည်ပုံစံကိုတွေ့မြင်နေရကြောင်းသိရသည်။
သေချာမှုတစ်ခုအနေနဲ့လာမည့်ဇွန်လနှင့်စက်တင်ဘာလတွင် Apple နှင့် Samsung တို့၏ Fingerprint စနစ်ပါရှိတဲ့တက်ဘလက်
တွေထွက်ရှိ လာတော့မည်ဖြစ်ကြောင်း
ခန့်မှန်းထားကြသည်။
Credit to:TechSpace Journal