Breaking News

Android (Technique) Patch ( 1 )

အခုရေးသားတင်ပြလိုက်တာကတော့
Android လို့ခေါ်ဝေါ်တဲ့ စက်ရုပ်ဖုန်းအမျိုး
အစားတွေအတွက် နည်းပညာတစ်ချို့ကို
ရေးသားခြင်းဖြစ်ပါတယ်...

အမေးအဖြေလေးတွေနဲ့ရေးသားထားတာ
မလို့ စာဖတ်သူများ မှတ်မိလွယ်စေမှာပါ...

1. Android မှာ ဘယ်အပိုင်းတွေကြောင့် / ဘယ် App တွေကြောင့် Battery ပိုသုံးနေသလဲ?

တကယ်တော့ Android ဖုန်းတွေရဲ့
Setting  ထဲမှာဘယ်အပိုင်းကဘယ်
လောက်အတိုင်းအတာအထိ Battery စားနေလဲဆိုတာကိုအမြဲတမ်းစောင့်ကြည့်
ပေးနေတဲ့ Function တစ်ခုပါဝင်ပါတယ်။ ကိုယ်တိုင်လေ့လာကြည့်မယ်ဆိုရင်Setting ထဲကိုသွားပါ Battery ဆိုတဲ့အပိုင်းမှာ Battery Information အပိုင်းရှိပါတယ်။ အဲဒီနေရာမှာကြည့်လိုက် ရင်Screen က Battery ကိုဘယ်လောက်ရာခိုင်နှုန်း
လောက်ရာခိုင်နှုန်းလောက်သုံးထားတယ် စသည်ဖြင့်ဖော်ပြပါလိမ့်မယ်။အပေါ်ဆုံးမှာ
ရာခိုင်နှုန်းအများဆုံးနဲ့သုံးနေတဲ့ App တစ်ခုရှိနေတယ်ဆိုရင်တော့ Uninstall လုပ်ပစ်လိုက်တာအကောင်းဆုံးပါပဲ။
ဒါ Battery ရဲ့ ကျန်းမာရေးအတွက်အ
ကောင်းဆုံး ထိန်းသိမ်းနည်းပဲဖြစ်ပါတယ်။

2. ClockWorkMod (CWM) recovery
ဆိုတာ ဘာလဲ? 

ClockWorkMod (CWM) recovery ဆိုတာကတော့ Custom recovery တစ်မျိုးပါ။ သူက Stock Recovery ထက် လုပ်ဆောင် ချက်မြင့်မားတဲ့ Recovery အမျိုးအစားပါ။ Recovery တွေကိုတော့
ပုံမှန် မမြင်ရနိုင်ပါဘူး။ ဖုန်းအမျိုးအစားပေါ်မူတည်၍ သီးသန့်  ခလုတ်များ နှိပ်ပေးရပါမှတက်လာတာပါ။

Stock recovery ကတော့ Factory reset နှင့် Update.zip ကို အသုံးပြုဖို့ လောက်ပဲအသုံးဝင်ပါတယ်။ CWM က
တော့ Stock Recovery မလုပ်ဆောင်နိုင်သော Restoration,Installation စတာတွေကို လုပ်ဆောင်နိုင်ပါတယ်။ Back Up option ဆိုရင်လဲဖုန်းရဲ့ Stock Rom တစ်ခုလုံးကို Back up လုပ်နိုင်ပါတယ်။ထိုကဲ့သို့  Rom တစ်ခုလုံးကို Back up လုပ်ခြင်းဖြင့် ဖုန်း Settings,Games,Apps etc.. တွေကို သိမ်းဆည်းထားနိုင်ပါတယ်၊ CWM သွင်းထားခြင်း ဖြင့် Custom rom များကိုလည်း အလွယ်တစ်ကူ Install လုပ်နိုင်ပါတယ်။

3.Android တစ်လုံးရဲ့ အားသာချက်က
ဘာတွေလဲ?

Android တစ်လုံးရဲ့ အားသာချက်တွေ
ကတော့ Software ပိုင်းနှင့် Firewareပိုင်း
ပါပဲ... မိမိစိတ်ကြိုက် Software များကို
အလွယ်ကူ ထည့်သွင်းနိုင်ပြီး အလွယ်တ
ကူ Uninstall ပြုလုပ်နိုင်ပါတယ်...
နောက်တစ်ခုကတော့ Fireware ပိုင်းပါ။

Custom rom တင်နိုင်ခြင်း Stock Rom
တင်နိုင်ခြင်း ပဲဖြစ်ပါတယ် Custom rom
နဲ့ Stock Rom အကြောင်းကို အပေါ်မှာ
သေချာရှင်းပြပေးထားပါတယ်...
ဒါကတော့ Android တစ်လုံးရဲ့အားသာ
ချက်တွေပါ၊ ကျန်တဲ့အသေးအမွှားတွေကို
တော့မရေးတော့ပါဘူး။

ဒီPost လေးကို ဒီတင်ပဲ့ ခေတ္တာရပ်နားခွင့်
ပြုပါခင်ဗျာ. . .

Patch ( 2 ) ကို နောက်တစ်ပတ်မှာ ထပ်တင်ရေးသားပေးပါအုံးမယ်. . .  .

နည်းပညာပရိတ်သတ်များ လိုအင်ပြည့်ဝ
သော ဘဝနှင့် တစ်ထပ်ထဲကျပါစေဗျာ.....

မိမိFacebook.ကနေ အသစ်တင်တိုင်း
အဆင်သင့်ဖတ်နိုင်ရန် အောက်မှာ Like
ပေးနိုင်ပါတယ်...

                    ဒီမှာ Like ပေးရန် 


Posted via Myanmar IT & APP (Technique)