Breaking News

HTC Android စမတ်နာရီ

HTC ရဲ့  စမတ်နာရီ ကိုလည်း မြင်တွေ့ရပါမယ်။ ၂၀၁၄ နှစ်လယ်လောက်မှာ ဖြစ်မယ်လို့ ခန့်မှန်းထား ပါတယ်။HTC Sense Feature ပါ ပါဝင်ပြီး Android OS ကိုပဲ Based လုပ်ပြီး မောင်းနှင် မယ့် နာရီပါပဲ။
Samsung ရဲ့  Samsung Galaxy Gear နဲ့ Sony ရဲ့  Smartwatch 2 တို့အတွက် အဓိက ပြိုင်ဘက် ဖြစ်လာစေ မှာ ဖြစ်ပါတယ်။ နာရီရဲ့  ပုံသဏ္ဍာန် ဘယ်လိုရှိလာ မယ် ဆိုတာလည်း မသိရသေးပါဘူး။ အခု ပုံမှာက imagine လုပ်ထားတာပါ။ ပါဝင်မယ့် Feature အစုံအလင်ကိုလည်း ထွက်ဆို မထားပါဘူး။ သေချာတော့ကတော့ လက်ရှိ စမတ်နာရီများရဲ့  ပြိုင်ဘက် ဖြစ်လာမယ် ဆိုတာပါပဲ။ အားကစားအတွက်ကော၊ ဖျော်ဖြေရေး အတွက်ကော၊ Telecommunication အတွက်ကော အားလုံး အဆင်ပြေစေမယ့် နည်းပညာပစ္စည်း တစ်ခု ဖြစ်လာမယ်လို့ ခန့်မှန်းထားပါတယ်။HTC ရဲ့  စမတ်နာရီနဲ့ ပက်သက်တဲ့ တရားဝင် သတင်းအချက်အလက်ကို ယခုရက်ပိုင်းအတွင်း ထုတ်ပြန်သွားဖွယ် ရှိကြောင်း သိရပါတယ်။


Ref:Smart Pro Journal