Breaking News

Viber ကို ဂျပန်နာမည်ကြီး Global Market Website ကုမ္ပဏီ Rakuten က၀ယ်ယူခဲ့


ကမ္ဘာတစ်လွှားလူကြိုက်များနေတဲ့ Viber
Media ကုမ္ပဏီကို ဂျပန်နိုင်ငံရဲ့
ဈေးကွက်မှာထိပ်တန်းနေရာကိုရယူထားတဲ့ Rakuten ကုမ္ပဏီက၀ယ်ယူလိုက်ကြောင်း
သိရှိရသည်။

အဆိုပါ Viber Media ကိုဝယ်ယူဖို့အတွက်
အ မေရိကန်ဒေါ်လာ ၉၀၀ မီလီယံကို Rakuten သူဌေး Hiroshi Mikitani ကအကုန်အကျခံခဲ့ပါသည်။ Rakuten ဟာနာမည်ကြီး Online Shopping Website တစ်ခုဖြစ်ပြီးလက်ရှိမှာဂျပန်နိုင်ငံရဲ့ဈေးကွက်ကိုစိုးမိုးထားပါသည်။Viber ကိုအသုံးပြုသူ ၃၀၀မီလီယံရှိကာ Rakuten ကိုအသုံး ပြုသူက ၂၀၀ မီလီယံရှိပြီး သူဌေးဖြစ်တဲ့ Mikitani က Rakuten ကိုပိုမိုအောင်မြင်အောင်ပြု လုပ်ဖို့အတွက် Viber ကိုဝယ်ယူ လိုက်တာဖြစ်ကြောင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး Mikitani က “ မိမိတို့ Messaging စနစ်ကို အဆင့်မြှင့်တင်ဖို့အတွက်ဆို ရင်ကိုယ်တိုင်လုပ်ဆောင်ဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ဒါပေမဲ့ Rakuten သုံးတဲ့ Customer တွေအနေနဲ့ Viber Messages ကနေတစ် ဆင့်မိမိတို့ပစ္စည်းကို မှာယူမယ်ဆိုရင်တော့ဖြစ်နိုင်ခြေ အများကြီးရှိပါတယ်” လို့ပြောကြားသွားခဲ့ပါသည်။ထက်ပြီး Viber ရဲ့ Chief Executive ဖြစ်သူ Marco က “Rakuten နဲ့ပူပေါင်းလိုက်ခြင်းဟာကုမ္ပဏီရဲ့လက်ရှိ
အနေအထားကိုပိုမိုကောင်းမွန်အောင်ပြုလုပ် နိုင်မှာဖြစ်ပြီး Application တိုးတက်ဖို့ကို Free Voice Calls နှင့် Message အတွက်သာမက Digital Content အတွက်ပါလုပ် ဆောင်သွားနိုင်မှာဖြစ်တယ်” လို့ပြောခဲ့သည်။သိပ်မကြာသေးတဲ့အချိန်က Viber ဟာ Messaging Application ကို Computer တွေမှာအသုံးပြုလို့ရအောင်ပြုလုပ်ပေးခဲ့ပြီး ၎င်းရဲ့ပြိုင်ဘက်ဖြစ်တဲ့ Skype ကိုတိုက်ခိုက်ဖို့အတွက်ထုတ်လုပ်ခဲ့ကြောင်းသိရသည်။Viber ကို Rakuten ကမတ်လကုန်လောက်မှာလုံးဝပူးပေါင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်းကုမ္ပဏီနှစ်ခုစလုံး ကပြောကြား ထားခဲ့သည်။






Ref & Credit: TechSpace Journal