ဆမ်ဆောင်း နှစ်နှစ်အတွင်း ပထမဆုံးအကြိမ် အမြတ်ငွေလျော့ကျ
မိုဘိုင်းဖုန်းများနှင့်တီဗွီများ ထုတ်လုပ်ရာတွင် ကမ္ဘာ့အကြီးဆုံး လျှပ်စစ်ပစ္စည်းကုမ္ပဏီကြီးတစ်ခုဖြစ်သော ဆမ်ဆောင်းကုမ္ပဏီသည် နှစ်နှစ်အတွင်း ပထမဦးဆုံးအကြိမ်အဖြစ် သုံးလစာအမြတ်ငွေကျဆင်းမှုနှင့် ရင်ဆိုင်ခဲ့ရကြောင်း ကုမ္ပဏီက ထုတ်ပြန်ကြေညာထားသည်။ဆမ်ဆောင်းကုမ္ပဏီသည် ပြီးခဲ့သော အောက်တိုဘာလမှ ဒီဇင်ဘာလအထိ သုံးလတာကာလအတွင်း အသားတင်အမြတ်ငွေမှာ အမေရိကန်ဒေါ်လာ ၆ ဒသမ ၈ ဘီလီယံရှိပြီး ပြီးခဲ့သည့်သုံးလထက် အမြတ် ငွေ ၁၁ ရာခိုင်နှုန်း လျော့နည်းကျဆင်းခဲ့သည်။ဆမ်ဆောင်းကုမ္ပဏီသည် မိုဘိုင်းဖုန်းဈေးကွက်တွင် ရောင်းအားကျဆင်းမှုကြောင့် ကုမ္ပဏီ၏၀င်ငွေကို ထိခိုက်စေခြင်းဖြစ်သည်။ ယခုတစ်ကြိမ် အမြတ်ငွေလျော့ကျမှုသည် ၂၀၁၂ ခုနှစ် စတုတ္ထလေးလပတ်နှင့် နှိုင်းယှဉ်လျှင် ၁၈ ရာခိုင်နှုန်း လျော့နည်းကျဆင်းခဲ့ခြင်းဖြစ်သည်။ကုမ္ပဏီကပေးသော အထူးအပိုဆုကြေးငွေနှင့် ငွေဈေးအတက်အကျများကလည်း ကုမ္ပဏီ၏၀င်ငွေကို ထိခိုက်စေသည်။ဆမ်ဆောင်းကုမ္ပဏီ၏ ဥက္ကဋ္ဌ လီကန်ဟီး၏ မဟာဗျူဟာမြောက် စီမံခန့်ခွဲအုပ်ချုပ်မှုကာလ နှစ် (၂၀) မြောက်နှစ်ပတ်လည် အခမ်းအနားအတွင်း အလုပ်သမားများအား ပေးအပ်သော အထူးအပိုဆုကြေးငွေ စုစုပေါင်းမှာ ၈၀၀ ဘီလီယံရှိသည်။ထိုအတောအတွင်း တောင်ကိုရီးယားနိုင်ငံ၏ ငွေကြေးဈေးနှုန်းမတည်ငြိမ်မှုသည်လည်း ကုမ္ပဏီဝင်ငွေ အား ၇၀၀ ဘီလီယံထိအောင် လျော့ကျသွားစေခဲ့သည်။ရာသီအလိုက် ၀ယ်လိုအားလျော့နည်းမှုသည် လျှပ်စစ်ပစ္စည်းအစိတ်အပိုင်းများနှင့် ရုပ်မြင်သံကြားစက် များ ၀ယ်လိုအားအပေါ် ဖိအားများဖြစ်ပေါ်စေဖွယ်ရှိခြင်းကြောင့် ယခုနှစ်တွင် လက်ရှိပထမလေးလပတ် အတွင်း ကုမ္ပဏီ၏၀င်ငွေကို မြှင့်တင်နိုင်ရန်အတွက် ဖော်ပြပါကိစ္စရပ်သည် စိန်ခေါ်မှုတစ်ရပ်ဖြစ်လာပေ လိမ့်မည်ဟု ကုမ္ပဏီက သတိပေးပြောကြားထားသည်။ဆမ်ဆောင်းကုမ္ပဏီ၏ စမတ်ဖုန်းဈေးကွက်အတွင်း အောင်မြင်မှုသည် မကြာသေးမီနှစ်များအတွင်း ကုမ္ပဏီအား ကမ္ဘာ့အကြီးဆုံး လျှပ်စစ်ပစ္စည်းကုမ္ပဏီများအတွင်း တစ်ခုအပါအ၀င်ဖြစ်လာစေခဲ့သည်။ထို့ပြင် ဆမ်ဆောင်းအနေဖြင့် ၂၀၁၂ ခုနှစ်အတွင်း ကမ္ဘာ့အကြီးဆုံးဖုန်းထုတ်လုပ်သည့်ကုမ္ပဏီအဖြစ် Nokia ၏နေရာတွင်အစားထိုးဝင်ရောက်လာနိုင်ခဲ့သည်။သို့သော် အခြားသောထုတ်လုပ်သူများသည် မော်ဒယ်အသစ်များကို စတင်ထုတ်လုပ်နေပြီဖြစ်သော ကြောင့် ဆမ်ဆောင်းကုမ္ပဏီအနေဖြင့် ဈေးကွက်အတွင်း ပြိုင်ဘက်များတိုးပွားလာမှုနှင့် ရင်ဆိုင်ရလျက် ရှိသည်။ဆမ်ဆောင်း၏ အကြီးမားဆုံးပြိုင်ဘက် ကုမ္ပဏီဖြစ်သောApple ကုမ္ပဏီသည်iPhone 5S နှင့် ပို၍ ဈေးသက်သာသောiPhone 5C တို့ကို စတင်ထုတ်လုပ်ခဲ့သည်။
Credit to:Mizzima – News in Burmese