Breaking News

LG G Flex အမေရိကန် ဈေးကွက် ဖြန့်တော့မည်



LG ရဲ့  ပထမဆုံး ကွေးကောက် စမတ်ဖုန်း G Flex ကို အမေရိကန်ဈေးကွက် သို့ စတင်ဖြန့်ချိတော့မှာ ဖြစ်ကြောင်း သိရပါတယ်။
မူလက တောင်ကိုရီးယားနိုင်ငံအတွင်းမှာပဲ ထုတ်လုပ်ရောင်းချခဲ့တာ ဖြစ်ပြီး ကမ္ဘာ့ဈေးကွက်မှာ အမေရိကန်ကို စတင်ခြေလှမ်း ခြင်း ဖြစ်တယ်လို့ ဆိုပါ တယ်။ မြန်မာပြည်ရောက်ဖို့တော့ မသေချာပါဘူး။ ဥပမာ Samsung ရဲ့  Galaxy Round ဆိုရင်ဈေးကြီးတာကြောင့် မြန်မာပြည်ဈေးကွက်အတွင်းသို့ တင်သွင်းဖို့ မရှိသေးကြောင်း Samsung Myanmar မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက Smart ကိုဖြေကြားထား ပါတယ်။ LG ရဲ့  G Flex ကလည်း ရောက်ရှိနိုင်ဖို့ မသေချာ ပါဘူး။ TMW မှာ တိုက်ရိုက် စုံစမ်း မေးမြန်း နိုင် ပါတယ်။
2.26 GHz Snapdraon 800 processor, RAM 2GB, 3500mAh batter တို့ ပါဝင်ပြီး ကင်မရာက 13 MP အရည်အသွေး ရှိပါတယ်။ LTE Network အတွက် support လုပ်ပါတယ်။ ၆ လက်မ HD (720p) Display အသုံးပြု ထားပြီး ဖုန်းကို ပုံမှာ မြင်တွေ့ရသလို ကွေးကောက်လို့ ရပါတယ်။ အမေရိကန်က AT&T, Sprint နဲ့ T-Mobile တို့လို Network နဲ့ ချိတ်ဆက်ထားပြီး ဖြစ်ကြောင်း ဆိုပါတယ်။
လာမယ့် ဇန်နဝါရီလအတွင်း CES ပြပွဲပြီးရင် ရောင်းချနိုင်မယ်လို့ ခန့်မှန်း ထားကြောင်း သိရ ပါတယ်။