Breaking News

Gresso ထုတ် ကမ္ဘာ့ ဈေးကြီး Android ဇိမ်ခံစမတ်ဖုန်း


Gresso ထုတ် ကမ္ဘာ့ ဈေးကြီး Android ဇိမ်ခံစမတ်ဖုန်း Gresso ဆိုတာ
ဆွစ်ဇာလန်နိုင်ငံ အခြေဆိုက်
ဇိမ်ခံစမတ်ဖုန်း သီးသန့် ထုတ်လုပ်တဲ့
ကုမ္မဏီတစ်ခု ဖြစ်ပါတယ်။ ယခု အသစ် ထုတ်လိုက်တဲ့ စမတ်ဖုန်း ကတော့
Android အမျိုးအစား ဖြစ်ပြီး Gresso Radical Luxury Smartphone လို့ အမည်ပေး ထားပါတယ်။ Android OS 4.1.2 ဗားရှင်းကို ထည့်သွင်းထားပြီး အပြင် Hardware ကြောင့် မို့ အဓိက
ဈေးကြီးရတာ ဖြစ်ပါတယ်။
တိုက်တေနီယမ် ကိုယ်ထည်နဲ့
တည်ဆောက်ပြီး တိုက်တေနီယမ် လိုဂို တပ်ဆင်ထားတဲ့ Gresso ကို
အမေရိကန်ဒေါ်လာ ၁၈၀၀ နဲ့ ရောင်းပြီး
သူ့ကို R1 လို့အမည်ပေး ပါတယ်။ 18K အရည်အသွေး ရွှေပြားနဲ့ ဖန်တီးထားတဲ့
ကိုယ်ထည်သုံး စမတ်ဖုန်းကိုတော့
အမေရိကန်ဒေါ်လာ ၂၃၀၀ သတ်မှတ်ပြီး Radical R2 လို့အမည်ပေး ထားပါတယ်။ 18K အရည်အသွေး ရွှေဖြူ (ပလက်တီနမ်)
သုံး Gresso ကိုတော့ R3 လို့အမည်ပေးပြီး အမေရိကန်ဒေါ်လာ ၂၃၀၀ ပါပဲ။
ကင်မရာ 8 Megapixel ရှိပြီး၊ Internal Storage က 36 GB ရှိပါတယ်။ Dual SIM ဖြစ်တာမို့ ကဒ် ၂ ကဒ် support
လုပ်မှာ ဖြစ်ပါတယ်။ Hardware ကော၊ အတွင်း Software အပိုင်းကော အခြား Feature များစွာ ပါဝင် နေပါသေး တယ်။ သူ့ကို အော်ဒါမှာယူသူများအတွက် အခမဲ့ အိမ်အရောက်ပို့ပေး တယ်လို့ ဆိုပါတယ်။ ဒါကလည်း ဥရောပနဲ့ အမေရိကန်နိုင်ငံ များအတွက် ပဲ ဖြစ်မှာပါ။

Gresso ဖုန်းရဲ့  အသေးစိတ်
အချက်အလက်ကို သူ့ရဲ့ 
Official Wesite-ကို
http://www.gresso.com/catalog/smartphones/ ဒီမှာကြည့်ရူ့
နိုင်ပါတယ်ခင်ဗျာ.....

      
            Myanmar IT&APP at

အသစ်တင်တိုင်း မိမိ FACEBOOK က
ဖတ်ချင်ရင် ဒီမှာLIKE လုပ်ခဲ့ပါ။
                  ****LIKE***