Breaking News

Apple သာ ကင်မရာ ထုတ်မယ်ဆိုရင်



Apple တို့ ၁၉၉၄ ခုနှစ်အကျော်က Apple QuickTake အမည်နဲ့ ဒစ်ဂျစ်တယ်ကင်မရာကို ထုတ်လုပ်ခဲ့ဖူးပြီးပါပြီ။ သို့ပေမယ့် မအောင်မြင်လို့ ၉၇ မှာ ရပ်တန့်ခဲ့ပါတယ်။ ယခုတော့ Apple သာ ကင်မရာ ထပ် ထုတ် မယ်ဆိုရင် ဘယ်လိုဖြစ်လာမယ်ဆိုတာ မေးငေါ့ကုန်ကြပါပြီ။
အကြောင်းကတော့ ပုံမှာ မြင်တွေ့နေရတဲ့ ကင်မရာ ဒီဇိုင်းဟာ Apple ရဲ့  ဒီဇိုင်း ဒုတိယ ဥက္ကဌ Jonathan Ive က ဦးဆောင်ပြီး ရေးဆွဲ ထားခြင်းကြောင့်ဖြစ်ပါတယ်။ သူတစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ Marc Newson အမည်ရ ဒီဇိုင်နာ တစ်ဦးလည်း ပါဝင်ပါတယ်။ သို့ပေမယ့် အများစု လက်ရာက Ive ကြောင့် ဖြစ်ပေါ်လာတာပါ။ iPhone စီးရီး၊ iPad စီးရီးနဲ့ iOS UI များကို လှပအောင် အဓိက ကြိုးစား ဖန်တီးပေးနေတဲ့ ဒီဇိုင်းပညာရှင်တစ်ဦးအဖြစ် Ive က ထင်ရှားကြော်ကြား ပါတယ်။ Leica Camera အမည်ရ ဂျာမနီ အခြေဆိုက် ကင်မရာ ထုတ် ကုမ္မဏီဟာ RED မော်ဒယ် ကင်မရာများကြောင့် အောင်မြင်လာတဲ့ ကုမ္မဏီပါ။ AIDS ရန်ပုံငွေအတွက် Special Edition RED model ဖန်တီးလို့ရအောင် Ive ကိုအကူအညီ တောင်းခဲ့ခြင်း ဖြစ် ပါတယ်။ လေလံ တင် ရောင်းချမယ့် ကင်မရာပါ။
Ive ကလည်း ကူညီပေးခဲ့ပြီး သူ့အိုင်ဒီယာနဲ့ ဖန်တီးထားတဲ့ RED ဒစ်ဂျစ်တယ် ကင်မရာကို ဖော်ပြလိုက်ပါတယ်။ အင်တာနက်မှာ ရေပန်းစား လျက် ရှိပြီး Apple ဟာ ကင်မရာ ထပ်ထုတ်ဖို့ အရည်အချင်း ရှိနေသေး တယ်လို့ ချီးကျူး၊ အားပေးတိုက်တွန်းလျက် ရှိကြကြောင်း သိရပါတယ်။