Breaking News

WIFI HOTSPOT EDITING

မင်္ဂလာပါ မိဘပြည်သူအပေါင်းတို့ရေ.....

ကျွန်တော်အခုရေးမှာကတော့ မိမိAndroid
ဖုန်းကနေ Wifi hotspot ပြန်လွှင့်ပြီး
ကိုပိုင် အင်တာနက်လေးတစ်ခုဘယ်လို
ထောင်ရမလဲ အကြောင်းလေးပါ။

မိမိရဲ့ဖုန်းကအင်တာနက်ကို ကွန်ပြူတာ
Laptop စသည့် pcများနှင့် ချိတ်ဆက်
အသုံးပြုပုံကိုရေးသားတင်ပေးမှာဖြစ်ပါတယ်
ကဲစရအောင်........

ပထမဆုံး မိမိဖုန်းထဲက Sattings ကိုဖွင့်ပါ
ပြီးရင် More Sattings ကိုနှိပ်၊Tethering
And portable hotspot ကိုရွှေးပါ။
ဘေးကအမှန်ခြစ်ကိုမနှိပ်ပါနဲ့အုံးခဗျာ....

ဟုတ်ကဲ့ Configure ဆိုတာကိုနှိပ်လိုက်ပါ
Network SSIDကို ကိုယ်နှစ်သက်ရာပေး။
Securityကို WPA2 PSK ကိုရွှေးရပါမယ်။ဘာကြောင့်ရွှေးရလဲဆိုရင်
ကိုရဲ့ WI-FI လိုင်းကို လုံခြုံမူ့အတွက်ပါ။
Password ကို အနည်းဆုံး၁၂လုံးထားရ
ပါမယ်။ကိုနှစ်သက်ရာပေးပါ၊ ပေးလိုက်
တဲ့ passwordကို သေချာမှတ်သားထား
ပါ။ ဘာလို့လဲဆိုရင် ကိုလွင့်ထားတဲ့ ဒီ
Wifi လိုင်း ကို ကွန်ပြူတာကနေ ပြန်ဖမ်း
ယူသုံးမယ်ဆို ဒီpassword လိုပါတယ်။
OKနော်.........ပြီရင်တော့ SAVE လိုက်ပါ။
အားလုံးပြည့်စုံပြီ ဆိုရင်တော့ ခုနက
အမှန်ခြစ်မခြစ်ပါနဲ့ဦးဆိုတဲ့ နေရာကို
ပြန်သွားပြီး အမှန်ခြစ် ခြစ်ပေးလိုက်ပါ။
ဒါဆို တခြားကွန်ပြူတာတွေမှာ မိမိဖုန်းက
အင်းတာနက်လိုင်းကို ဖမ်းယူသုံးဆွဲလို့
ရပါပြီခဗျာ.................
ကွန်ပြူတာ ၃လုံးထက် ပိုအသုံးမပြုပါရန်
ကျွန်တော်ငတုံးလေးက အကျန်ပြုပါရစေ
အကြောင်းကတော့ ပထမ မိမိဖုန်းအပူချိန်
တက်လာမယ်။ နောက် လိုင်းနှေးလာမယ်
ကြာရင် ဖုန်းပါ ပျက်စီးသွားနိုင်လို့ပါပဲ။

သိသလောက်ရေးသားလိုက်ပါတယ်
အမှားပါခဲ့ရင်ခွင့်လွှတ်ကြပါနော်။



ကျွန်တော်ရဲ့ fb fanpage ကိုလဲ အလည်
လာပါအုံး Like ပေးရင်းနှင့်ပေါ့ခဗျာ။

 ဒီကိုနှိပ်ပါခဗျာ 

ဒါကတော့ ကျွန်တော့်ရဲ့ဆိုဒ်apk ပါ
ဖုန်းမှာအသစ်တင်တိုင်းဖတ်နိုင်အောင်
ပြုလုပ်ထားပေးတာပါခဗျာ။
 
ဒီမှာရယူပါ 

Myanmar IT&APP


Myanmar IT&APP