Computer Installing Error လေ့လာရအောင်
Computer install လုပ်နေစဉ် ဖြစ်တက်သော ပြသနာများ
No Boot Device Persent
ကွန်ပြူတာကိုဖွင့်လိုက်လို့ BOOT လုပ်တဲ့အခါ BOOT DICK ကိုမထည့်ထားလို့ပဲဖြစ်စေ BOOT SEQUENCE လွဲနေလို့ပဲဖြစ်စေ ထည့်ပေးထားတဲ့ BOOT DICK Or CD မကောင်း၊မဖတ်လို့ပဲဖြစ်စေ ဒီ ERROR ပေါ်တက်ပါတယ်။
Windows Setup Require xxxx Amount of Available Drive Space
ဆိုတာက သင့်ရဲ့ Hard drive ကို format မချခဲ့လို့ ဒါမှမဟုတ် Space
မလောက်လို့။
Windows Has Detected That Drive C:Not Contain a Valid Fat Partition
သင်တင်ခိုင်းလိုက်တဲ့ Partition ကို
သူမသိလို့ အသိအမှတ်မပြုနိုင်လို့။
Hard disk ပျက်နေလို့။
Stop Error (blue screen)
install လုပ်နေစဉ်အတွင်း အပြာရောင် screen ကြီးပေါ်လာပြီဆိုရင်တော့
သေပြီဆရာပဲ။ ပြသနာအစစ်စစ်တက်နေပြီ။ဒီလိုဖြစ်တာ
ဘာကြောင့်ဆိုတာ အတွေးအများကြီး
ဖြစ်နိုင်ပါတယ်။
ကျွန်တော် အဖြစ်များဆုံးက Cpu ကြောင့်ပါ
ဒီကောင်ပေါ့၊ ဒါပေမယ့်ကျွန်တော်ဖြစ်တဲ့ error ပြောပြတာနော် ပုံသေမတွက်ရပါဘူး။
RAM (MEMORY) ကိုစစ်ပါ၊ မဟုတ်ဘူးဆိုရင် Power supply Rating မမှန်ရင် Voltage အမှန်မထွက်လို့လဲ ဖြစ်နိုင်ပါတယ်။
အဆင်မပြေသေးဘူးဆိုရင် Motherboard သာစစ်ဆေးလိုက်တော့
သေချာပါတယ်သူပဲပေါ့။ ဒီပစ္စည်းတွေမလဲမခြင်းသူကလဲ blue screen ကနေတက်မည်မဟုတ်ပါ။
မလဲလို့ကတော့ မိုးချုပ် တိုင်ပတ်မည်သာမှတ်။
Hardware Detection Error
ဒါကတော့ခုနပြောခဲ့သလို မကိုက်ညီတဲ့
Hardware တွေကြောင့် ပေးတဲ့ Error
ဖြစ်နိုင်ပါတယ်။ ဒါကြောင့် Install မလုပ်ခင်မှာ Hardware Compatible
ဖြစ်မဖြစ်ကို အရင်းဦးဆုံး Check လုပ်
ပေးစေချင်ပါတယ်။
Can´t Read CAB File
CAB ဆိုတာက Cabinet file ကိုပြောတာပါ၊ သူတို့ကိုသုံးထားတဲ့
install file a တွေ install လုပ်နေစဉ်မှာ Installation Windows
က၎င်း (.CAB)File တွေကို ဖြန့်ပြီး
Hard Disk ထဲ install လုပ်သွားမှာဖြစ်ပါတယ်။ Install CDကို
မဖတ်နိုင်တဲ့အခါမှာ ဒီ CAB File တွေကိ ဖတ်မရဖြစ်နေပြီး ရှေ့ဆက်မတိုး
နို်င်တာ ဖြစ်ပါတယ်။
Lockups During install
Install လုပ်နေစဉ်မှာ အခန့်မသင့်ရင်
ကွန်ပြူတာဟာ install ဆက်မလုပ်ပဲ
Lock (Hang) ဖြစ်သွားပါတယ်။
ဒီလိုဖြစ်ရတာဟာ Installer CD ကြောင့်ပဲဖြစ်ဖြစ် CD-ROM ကြောင့်ပဲဖ်ြစ်ဖြစ် Hard disk မကောင်းလို့ပဲဖြစ်ဖြစ် Lockဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ဘာတွေ
ဖြစ်ခဲ့သလဲဆိုတာတွေကိုတော့Windows
က Log file ဆိုပြီး (Text File Format) နဲ့ Hard disk မှာသိမ်းထားပေးပါတယ်။
ဒီLog file တွေ ဖွင့်ကြည့်ခြင်းဖြင့်လဲ
သဲလွန်စအချို့ရနိုင်ပါတယ်။
Log file တွေကတော့ -
1. Setuplog.txt- install လုပ်သွားတဲ့
ကာလတလျောက် ဖြစ်ပျက်ခဲ့တာတွေ
မှတ်သားပေးပါတယ်
2. Detlog.txt- Hardware Detection နဲ့ပတ်သက်သမျှ Process
တွေ၊Devicesတွေကို installလုပ်ထားသမျှတွေကို မှတ်သား
ထားပေးပါတယ်။
3. Bootlog.txt- Boot လုပ်သမျှ
Program တွေ run သမျှကိုမှတ်သား
ထားပါတယ် ထားပါတော့ဗျာ install
လုပ်နေစဉ်မှာ ကွန်ပြူတာက Log ဖြစ်သွားတယ်ဆိုရင် CTRL+ALT+DEL
နိပ်ပြီ REBOOR ပြုလုပ်ပါ။ ကွန်ပြူတာ
ပြန်တက်လာရင် Install ကို အစကနေ
ပြုလုပ်ပြီး Install ပြန်စတဲ့ အခါအစပိုင်းလမ်းခုလတ်မှာ
Safe Recovery နဲ့ ဆက်သွားမှာလား
install အစအဆုံးနဲ့ ပြန်သွားမလား
မေးရင် Safe Recovery နဲ့ ပြန်လုပ်မယ်လို့ပြောပြီး install ဆက်လုပ်
ပါ။ ဒီနေရာမှာ သတိထားရမှာက Hang
ဖြစ်သွားတဲ့အခါ CTRL+ALT+DELကို
ပဲ နှိပ်ပါ။ကွန်ပြူတာက Reset Button နှိပ်တာတို့ မီးခလုပ်ပိတ်ပစ်တာမျိုး Plug
ဆွဲဖြုတ်ပစ်တာမျိုးတွေ မလုပ်ဖို့ သတိပေး
ရင်းနဲ့ပဲ ကျွန်တော်ခနနားပါရစေခဗျာ....
ဆက်လက်တင်ပေးပါဦးမည် ......