Breaking News

☆ Android တွေမှာ နဂိုပါလာတဲ့ System Tone များကိုပြောင်းမယ် ☆ 

Android တွေမှာ နဂိုပါလာတဲ့ System အသံများကိုပြောင်းနည်းလေးပါ....

သိပြီးသားသူများလဲ ရှိမှာပါ။မသိသေးသော
ပရိတ်သတ်များအတွက်ရည်ရွယ်ပါတယ်။

လိုအပ်တာကဖုန်းမှာRootဖောက်ထားရပါ
မယ်။ နောက်တစ်ခု  Root explorer ပါ။
မရှိသေးရင် ဒီမှာယူပါ  နောက်ဆုံးဗားရှင်းပါ

ပြီးရင် ထည့်သွင်းရမည့် ogg ဖိုင်ကိုလဲ
ဒီမှာရယူပါ

Root explorer ဒေါင်းပြီးရင် install လုပ်ပါ ၊ ဖွင့်လိုက်ပါ ၊ Mount မှာ R/O
ဖြစ်နေပါတယ် R/Wပြောင်းဖို့ တစ်ချက်နှိပ်
လိုက်ပါ .        ကဲ...`စ´နေပြီနော်..သေချာ
်လိုက်မှတ်ပါကွဲ့ :)  ( လွဲလို့မရပါဘူး  )

System ဖိုဒါလေးကိုရှာပြီး နှိပ်လိုက်ပါ ၊
ထပ်မံ media ဖိုဒါလေးကို နှိပ်လိုက်ပါ ၊
နောက်ထက် audio ဖိုဒါထဲကို ထပ်မံဝင်ပါ၊
အဲ့ တွေ့ပြီ notifications ရယ် ringtone ရယ် alarms ရယ် Ui ရယ်...

ပြုလုပ်ရမယ့် ဖိုဒါက Ui ပါ... ဒီတော့
Ui ဖိုဒါကို ဝင်လိုက်ပါ ၊ အဲ့မှာအရေးကြီး
လာပြီနော်.... ဒီထဲမှာ မိမိက ဖုန်း Lock ချ
တဲ့ မူရင်းအသံကိုပြောင်းချင်တယ်ဆိုပါဆို့
ဒါဆိုရင် Lock.ogg ဖိုင်ကို Copy ကူးပါ
မိမိမှတ်မိတဲ့နေရာမှာ သွားသိမ်းထားလိုက်
ပါ။ ဒါက နောင်တစ်ချိန် ပြန်ထည့်ချင် ထည့်
လို့ရအောင် Backup လုပ်ထားတဲ့ သဘော
ာ။ မသိမ်းချင်လဲရပါတယ် ကြိုက်တာလုပ်။

ကဲ ပြန်စမယ်.. backလုပ်ပီးပြီပဲထားလိုက်
ပါပြီ..မူရင်း Lock.ogg ကို delete လုပ်ပါ
ပျက်သွားပြီဆိုရင် ပထမအဆင့် အိုကေပြီ။

ဒုတိယအဆင့်ကို သွားရအောင်နော်...

စပြီ... ခုနကျွန်တော်ပေးထားတဲ့ ogg ဖိုင်
ကို ဖွင့်လိုက်ပါ။ အဲ့ထဲမယ် Lock.ogg နဲ့
unlock.ogg ဖိုင်နှစ်ခုပါပါတယ်....
Lock အသံပြောင်းမယ်ဆိုတော့
Lock.ogg ကို copy ကူးလိုက်ပါ ၊ ပြီးရင်
ခုနက System > media > audio ကို
ရောက်အောင်ပြန်သွားပြီး paste လုပ်ပါ။
ပြီးရင် paste လုပ်လိုက်တဲ့  Lock.ogg
ကို ဖိထားပါ.. Permissions ကိုရွေးပြီး
အောက်ပါပုံအတိုင်း ဖြစ်အောင် အမှန်ခြစ်
ဖြုတ်ပါ။ ပြီးရင် OK နှိပ်ပြီး Root explorer  ထဲက ပြန်ထွက်ပါ။    ဖုန်းကို Restart ချပေးလိုက်ပါ....
ပြန်တက်လာရင် မိမိ android ကို
Power ခလုပ်တစ်ချက်နှိပ်ပြီး Screen Lock ချကြည့်ပါ။ ဘာအသံလေးထွက်လာ
မလဲ...? ပြောပြဘူး :)  လန်းသွားပြီမလား?

အားလုံးအဆင်ပြေပါစေဗျာ...  အဓိက ကတော့ မိမိပြောင်းချင်တဲ့ ogg ဖိုင်လေးပါ
ပဲ.. Lock အသံ မှ မဟုတ်ပါဘူး ကျန်တာ
တွေလဲ ရတယ်နော် အစားထိုး ogg ဖိုင်
ထည့်သွင့်တဲ့နေရာမှာ အရေးကြီးတာက
Lock ဆိုရင် Lock.ogg ဖြစ်ရမယ်။
unlock အသံပြောင်ချင်တယ်ဆိုရင်
unlock.ogg ဖြစ်ရပါမယ်....
နာမည်တူရပါမယ်.... သဘောပေါက်လောက်
ပီထင်ပါတယ်နော်.... ဥပမာဗျာ Lockအသံ
ပြောင်းချင်တာကို unlock.ogg ဆိုမရပါ
ဘူး... Lock ဆိုတဲ့နာမည်ပဲပေးရပါမယ်..

ဒီပို့လေးကို စမ်းသတ်ပြီးမှရေးပေးလိုက်တာ
ပါ.... အောင်မြင်ပါတယ် ဘာ error မှမတက်
ပါဘူး ကျွန်တော်ပြောသလိုသာလုပ်ပါ။
ogg ဖိုင်များကိုလဲ တင်ပေးသွားပါဦးမယ်။

               ☆ ☆ ☆ ☆ ☆ ☆ ☆ 

ဒီပို့လေးကို ကြိုက်တယ်ဆိုရင် Share
ပေးခဲ့ပါခင်ဗျာ... အများအကြိုးအတွက်ပါ။